တောင်ပေါ်ကကိုကိုရဲ့ပန်းခင်းကအပြန်သူတို့ရွာနားမှာအသစ်ပျိုးနေတဲ့စတော်ဘယ်ရီခင်းကြီးကိုတွေ့ခဲ့သည်။အသီးလေးတွေကစိမ်းစိမ်းသေးသေးလေးတွေသာရှိသေးတာမို့စားလို့မရသေးပေ..ကြီးလာရင်တော့ဂျီမင်အပိုင်ပဲဟီး.
ပလိုင်းလေးထဲကလိမ္မော်သီးတွေကိုကိုကိုတို့အိမ်သွားပေးတော့ကိုကိုမရှိပဲဦးလေးကြီးသာရှိသည်။
" ဦးလေးကြီးကိုကိုရော.."
မီးဖိုခန်းထဲကထွက်လာတဲ့ဦးလေးကြီးကမျက်နှာမှာလည်းအိုးမဲတွေပေနေတာမို့ဂျီမင်ဗိုက်ဖိကာရယ်မိသည်။
"ဟား..ဟား..ဦးလေးကြီးမျက်နှာကလည်း.ဟားး"
ရယ်နေတဲ့ဂျီမင်ကိုထယ်ယောင်းမျက်စောင်းထိုးမိသည်။ဒီကလေးကသူ့ကိုဆိုအမြဲတမ်းမလေးမစားနဲ့..
"အကို့ကိုဘာလို့လာမေးနေတာမပြောပြနိုင်ဘူး"
"ကိုကို့ကိုလိမ္မော်သီးတွေလာပေးတာပါနော်"
"အကိုကပန်းမျိုးစေ့တွေသွားဝယ်တာ.ငါ့ကိုပေးခဲ့"
"ပေးခဲ့စရာလားဒီလိမ္မော်သီးချိုချိုလေးတွေကကိုကို့ကိုလာပေးတာဦးလေးကြီးစားပစ်လိုက်ရင်ဘလိုလုပ်မလဲ"
"စားစရာလား..လိမ္မော်သီးထက်ချိုတဲ့အကို့နှုတ်ခမ်းလေးတွေကိုနေ့တိုင်းစားနေရတာကွ"
"ဟွန့်..စိတ်ပုပ်ဦးလေးကြီးရော့.ရော့"
ဂျီမင်လိမ္မော်သီးလေးတွေကိုဦးလေးကြီးလက်ထဲထည့်ပေးပီးထွက်လာလိုက်သည်။အဲ့ဦးလေးကြီးကကိုကို့ကိုပိုင်ထားတယ်ဆိုတိုင်း..ဟွန့်..ကြည့်လို့ကိုမရဘူး..
.
.
.
ကိုကို့ဒေစီပန်းခင်းကြီးကပြန်စိုက်ခါစပဲရှိသေးတာမို့အခုတော့ဂျီမင်မှာသွားလည်စရာနေရာမရှိဘူး..ကွပ်ပျစ်ပေါ်ထိုင်နေရင်းအိမ်မကပ်နိုင်တဲ့ဂျီမင်တစ်ယောက်သွားလည်စရာနေရာစဉ်းစားနေသည်။
"ဟ..သိပီကွ"
အိမ်ထဲကပလိုင်းလေးကိုဆွဲဖြုတ်ပိးဂျီမင်တောင်ကုတ်နားလေးကိုချီတက်လာလိုက်သည်။