အပိုင်း - ၄၁ ( ဘာလို့ ကျွန်တော့်ကို လာရှင်းပြရတာတုန်း){ ဒုခေါင်းဆောင်လုက အရမ်းကို ဖြူစင်ရိုးသားတယ် }
ထိုစကားကိုကြားသော် ဝမ်းလျိုနျဲန်က မျက်မှောင်ကြုတ်သွား၏။
"ဘယ်လက်ရုံးဘက်က ဘာကြောင့်များ ဒီလိုပြောနိုင်တာလဲ။ မဟုတ်မှလွဲ ၊ ညခင်းထောက်လှမ်းရင်း သဲလွန်စ ရသွားတာများလား"
"အဲ့လိုတော့ မဟုတ်ဘူး။ မနေ့ညက ကျွန်မနဲ့ရှောင်ဝူနှစ်ယောက်သား မုညီနောင်နဲ့အတူ တောင်ပေါ်လိုက်သွားတော့ သူတို့ဂိုဏ်းတစ်ခုလုံး မီးခိုးမှိုင်းတွေနဲ့ ဖုံးနေတာ တွေ့ရတယ်။ မီးလောင်နေတာလို့ ထင်ခဲ့ပေမယ့် အထဲကလူတွေကျ ပျာယာခတ်နေတာ မရှိဘဲ အေးအေးဆေးဆေးသွားလာနေထိုင်နေတာပဲ "
"အဲ့မီးခိုးမှိုင်းတွေက ဘယ်ကနေ လာကြသလဲ"
"မြစ်နက်မြက်ရိုင်းကို မီးရှို့နေကြတာပါ။ တခြားနေရာမှာ ရှားပေမယ့် ယွင်နန်မှာတော့ ပေါများတဲ့ အပင်တစ်မျိုးပဲ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း သုံးလို့ရတယ်ဆိုပေမယ့် ခြောက်သွားတဲ့အခါလည်း ခြင်တွေမလာအောင် မှိုင်းတိုက်လို့ရပါတယ်"
"ကျားခေါင်းဂိုဏ်းက ယွင်နန်ဘက်နဲ့ ဆက်နွယ်နေတယ်လို့ ပြောတာ ဒါကြောင့်ပေါ့"
ဝမ်းလျိုနျဲန်က တွေးတွေးဆဆဆိုလာ၏။
"ဟုတ်၊ ဖြစ်နိုင်ခြေ အရမ်းများပါတယ်။ အဲ့အနံ့ကိုရတာနဲ့ ကျွန်မလည်း မုညီနောင်ဘက် ချက်ချင်းအကဲခတ်လိုက်သေးတယ်။ သူတို့မျက်လုံးထဲမှာလည်း သံသယတွေရှိနေတာ။ တစ်ခုခုက ထူးဆန်းနေမှန်း သူတို့လည်း သတိထားမိတယ်ထင်တယ်"
ကျောက်ဝူမှာ ရှီးနန်ဘုရင် သွမ့်ပိုင်ယွဲ့၏ ညီဖြစ်သော်ငြား ယွင်နန်တွင် သိပ်မနေဖြစ်ပါဘဲ အချိန်အများစုအား ကျွေ့ယင်နန်းဆောင်တွင်သာ ကုန်ဆုံးစေခဲ့သည်မို့ ထိုအနံ့များနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိ။ ထို့ကြောင့် ထိုအနံ့ကို ရသော် မျက်မှောင်ကြုတ်ကာ "ဘာအနံ့လဲ"ဟုသာ ဆိုခဲ့သည်ဟု ပြောသည်။
"ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပဲ။ မုဂိုဏ်းချုပ်နှစ်ယောက်ရော သိသလား" ဟု အသေးစိတ်မပြောဘဲ မေးလိုက်ရာ မုဝန့်လေက ခေါင်းခါလိုက်ကာ "မသိပါဘူး"ဟုသာ ဖြေလာသည်။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...