Zawgyi :
အရင်တစ်ခေါက် ပရီယာစိတ်ဆိုးပြီးသည့်နေ့တည်းက ရိုစ့်အန်းက မနက်တိုင်း ပရီယာ့အဆောင်ကိုလာကာ ပရီယာနဲ့အတူ မနက်စာသုံးဆောင်ပြီးမှ ကျန်သောအလုပ်များကို လုပ်လေ့ရှိလာခဲ့သည်။
" ဒီနေ့ပရီယာစောစောနိုးတာပဲ "
ရိုစ့်အန်းက ထိုသို့ဆိုတော့ ပရီယာက ခါးစည်းကြိုးချည်နေရာက ရိုစ့်အန်းကို မျက်မှောင်ကျုံ့၍ ကြည့်လာသည်။
ရိုစ့်အန်းရောက်သည်ဆိုသည်နှင့် အ၀တ်ကူလဲလှယ်ပေးနေသည့် ရံရွေတော်များကို အပြင်ကိုထွက်သွားခိုင်းစေခဲ့ပြီး ၀တ်ရုံကို တစ်ယောက်ထဲ အပြီးသတ်ဝတ်ဆင်နေသည့် ပရီယာက ခါးစည်းကြိုးနှင့် အလုပ်များနေသည့်ကြားက ရိုစ့်အန်းရဲ့စနောက်မှုကို မျက်မှောင်ကျုံ့၍ ကြည့်လာသည့်ပုံက ချစ်စဖွယ်မို့ ရိုစ့်အန်း ပြုံးမိ၏။
" ဟိုဘက်လှည့် ပရီယာ "
ကြည့်မနေနိုင်သည့်အဆုံးမှာ ရိုစ့်အန်းကပဲ ထိုင်ရာက၍ ပရီယာ့အနားတိုးကပ်သွားပြီး ပရီယာ့ကို ဟိုဘက်လှည့်စေရသည်။
ရိုစ့်အန်းစကားတိုင်း ရိုစ့်အန်းကိုကျောပေးရပ်လိုက်သည့် ပရီယာ့ ခါးက ခါးစည်းကြိုးကို ရိုစ့်အန်းယူလိုက်ပြီး ပရိယာ့ ခါးသွယ်သွယ်မှာ ကျကျနန ချည်နှောင်ပေးလိုက်သည်။
" ကြပ်နေလား "
" ဟင့်အင်း "
ရိုစ့်အန်း အမေးကို ပရီယာက မျက်နှာချင်းဆိုင်ပြန်လှည့်လာကာ ဖြေတော့ ရိုစ့်အန်းက ပရီယာ့ ခါးစည်းကြိုးကို ၀တ်ရုံတော်နဲ့ ကျနအောင်ပြင်ဆင်ပေးနေမိသည်။
ဝတ်ရုံကို ပြင်ဆင်ပေးနေရာမှ ရုတ်တရပ် ဆွဲယူခံလိုက်ရပြီး ပရီယာ့ ရင်ခွင်ထဲ ကျဆင်းသွားချိန်မှာ ပရီယာ့ဆီက ထွေးပွေ့မှုတစ်ခုကို ရိုစ့်အန်းရလိုက်သည်။
" ဘာလို့မှန်းမသိဘူး ဖက်ထားချင်လာလို့ ရတယ်မလား "
ဖက်ပြီးနှင့်ကာမှ ရတယ်မလား ဆိုသည့် ပရီယာ့ရဲ့ လေသံချိုချိုလေးကြောင့် ရိုစ့်အန်း ပြုံးမိသွားသည်။ပြီးနောက် ပရီယာ့ ခါးသွယ်သွယ်ကို ရိုစ့်အန်းက ပြန်လည်ဖက်တွယ်ပေးပြီး တစ်ဦးကိုတစ်ဦး ကြင်နာယုယစွာ ဖက်တွယ်ထားမိကြသည်။
YOU ARE READING
Kryptonite(You will never be my 'kryptonite' )
RomanceUnicoe : မင်းက ငါရဲ့အားနည်းချက် ဘယ်တော့မှမဖြစ်စေရဘူး .. Zawgyi : မင်းက ငါ့ရဲ့အားနည်းချက် ဘယ်တော့မှမဖြစ်စေရဘူး ..