အပိုင်း ၂၉

4.3K 520 3
                                    

Unicode

  
ယုံးဝူမင့်၏ မျက်နှာက တစ်မျိုးတစ်မည်ဖြစ်လာ၏။ သူက ရှေ့သို့ခြေနှစ်လှမ်းလောက်တိုးကာ လက်ဆန့်ထုတ်၍ ယုံးယင်ယွဲ့၏ ထူထဲလှအောင် ပန်းထိုးထားသည့် ကော်လံအနောက်ဘက်ကို လက်ညိုးနှင့်လက်မညှပ်၍ မ,လိုက်လေသည်။ သူမအပေါ်ပိုင်းခန္ဓာကိုယ်အား မ,ချီလိုက်ပုံက အင်းဆက်ပိုးမွှးတစ်ကောင်အား မ,လိုက်သည့်အလား။

သူက ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းကာ ခေါင်းငုံ့၍ ယုံးယင်ယွဲ့၏ မျက်နှာကိုကြည့်လိုက်သည်။ထို့နောက်မှ ဟန်ရှောင်လင်ထံ အလွန်အပြစ်ကင်းစင်ဟန်ဖြင့် ကြည့်လိုက်လေ၏။

"ညီမတော်က ကျုပ်ကိုမြင်ရတာ ဝမ်းသာလွန်းလို့ မေ့လဲသွားရှာတာပဲ"
  
သူက ယုံးယင်ယွဲ့ကို ပစ်ချကာ ပြန်မတ်မတ်ရပ်လိုက်၏။ နောက် လက်တွေကို ပိုးထည်စဖြင့်သုတ်ကာ ကျန်းကျင်ယွမ်ကို မျက်စိမှေးကြည့်လိုက်လေသည်။
  
ကျန်းကျင်ယွမ်မှာ ကြောက်လွန်း၍ ဟန်ရှောင်လင်၏ အနောက်မှာ တဆတ်ဆတ်တုန်နေတော့သည်။
  
"အိုင်း"

ယုံးဝူမင့်က သက်ပြင်းချသည်။

"ဟန်ဘုရင်က သိပ်ရက်ရောတာပဲနော်။ထျန်းတုက ဂုဏ်သရေရှိဧည့်သည်တော်ရောက်လာတာကို ကြင်ကြင်နာနာနဲ့ ကျုပ်ညီမကို ဧည့်ခံခိုင်းလိုက်တယ်ပေါ့...တကယ့်ကိုကောင်းတဲ့လောကဝတ်ပါပဲဗျာ"
  
ဟန်ရှောင်လင်၏ မျက်နှာက ပြာနှမ်းသွား၏ သူက ကျန်းကျင်ယွမ်ကို သူ့နောက်မှာ ဂရုတစိုက်ကာကွယ်ထားရင်း အေးစက်စက်ဆိုလိုက်သည်။

"ယုံးဘုရင်..ကျေးဇူးပြုပြီး ခင်ဗျားရဲ့စကားတွေကို သတိထားပေးပါ။ဒီကိစ္စနဲ့ပတ်သက်လို့ နားလည်မှုလွဲနေတာ သေချာပေါက်ပါပဲ"
  
သူ၏ ကိုယ်ရံတော်တွေက ဘေးမှာစုဝေးကာ ယုံးဝူမင့် ရုတ်တရက်တိုက်ခိုက်လာမှာကို တားဆီးကာကွယ်ဖို့ ကျန်းကျင်ယွမ်ကိုအလယ်မှာထား၍ ဂရုတစိုက်ဝိုင်းရံထားလိုက်ပြီ ဖြစ်သည်။
  
လူတိုင်းကတော့ ဒီနေ့ကိစ္စက ကောင်းကောင်းမွန်မွန်ပြီးသွားဖို့ လမ်းမမြင်တော့ဘူးရယ်လို့ ခံစားမိလာကြလေသည်။
  
သို့သော်လည်း ယုံးဝူမင့်က ပျော်ပျော်ကြီးပြုံးကာ လက်နှစ်ဖက်ကိုပင် ပိုက်လိုက်သေးသည်။သူ့အမူအရာက အန္တရာယ်အငွေ့အသက်တို့ အတန်ငယ်နည်းပါးသွား၏။
  
"ကြည့်ရတာ တူတော်မောင်လေးကျန်းက ပိုပြီးအဖိုးတန်တဲ့ပုံပဲနော်။ ဟန်ရှုန်း(အစ်ကိုဟန်)က ကျုပ်ကို စိတ်မပျက်စေဘူးပဲ"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Onde histórias criam vida. Descubra agora