29

498 66 9
                                    

'ဝါး ဟာရူတို တကယ်ကြီးလား'

'ရား နောက်နေတဲ့ပုံပေါက်နေလို့လား'

'မင်း အဲ့ဒါဆို တကယ်အတည်ကြီးပေါ့'

ဂျောင်ဝူးတစ်ယောက် မယုံနိုင်စွာနဲ့ အကြိမ်ကြိမ်မေးနေလေသည်

'အင်းပါဆိုကွာ'

'မိုက်တယ်ငါ့ကောင် ဟီးဟီး'

သဘောကျစွာဖြင့် ရူတိုရဲ့ လက်မောင်းကို တဖြန်းဖြန်းပိတ်ရိုက်လေတော့သည်

'ရားး ပတ်ခ်ဂျောင်ဝူး နာတယ်ဟ'

'မီယန် မီယန် သဘောကျလွန်းလို့ပါကွာ ဟီးဟီး'

'ငါလည်း အဲ့လိုလုပ်ရကောင်းမလားမသိဘူး'

'မင်းရေးထားတဲ့ ရည်းစားစာတွေတောင် အခန်းထဲမှာ အပုံလိုက်ကြီးရှိသေးတယ်မလား သွားတောင်မပေးရဲဘဲနဲ့ ဒါမျိုး မင်းလားလုပ်ရဲမှာ'

'အဲ အဲလိုဆိုမှ ယုကီ ကို မင်းဘယ်လိုလုပ်မှာလဲ'

'ဘာမှမလုပ်ဘူးလေ သူနဲ့ကပြီးသွားပြီဘဲကို'

'အရင်ကဆို မင်းတို့ပြန်အဆင်ပြေနေကြဘဲမလား ဒီတခါလည်း အဲ့လိုဆိုရင် အစ်ကိုဂျွန်ဂယူနဲ့ မျက်နှာပျက်စရာတွေဖြစ်ကုန်အုံးမယ်'

ရူတို တွေးတွေးဆဆ ဖြစ်ရပြန်သည်
သူ့အနေနဲ့ ဂျွန်ဂယူကို တကယ်သဘောကျတာမှန်း ကိုယ့်က်ိုယ်ကိုယ် သေချာစီစစ်ပြီးပြီဖြစ်သည်
တစ်ဖက်က ယုကီကို ချစ်သေးလားဆိုရင်တော့ သေချာပေါက် ငြင်းမည်ပင်

ရည်းစားစဖြစ်ခါစကလည်း ငယ်သူငယ်ချင်း
သံယောဇဉ်ကို နားလည်မှု လွဲသွားကာ တွဲဖြစ်သွားကြခြင်းဖြစ်သည်

အားနာတတ်တဲ့ ရူတိုက ယုကီရဲ့ ပြောင်းလဲလာတဲ့ ဆက်ဆံရေးတွေအပေါ် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုမသိ

အသက်အားဖြင့်ငယ်သေးပေမယ့် စိတ်ကစားလို့မရလောက်အောင်ထိ ရင်ထဲမှာရှိတဲ့
တစ်ယောက်ယောက်ကို အားနာနေခဲ့မိတာ

ယုကီဘက်က ပြောင်းလဲလာသည်နှင့်အမျှ ရူတို
လည်း အနည်းနဲ့အများတော့နေရခက်လာသည်

ယုကီဘက်က ဖွင့်ပြောလာတုန်းကလည်း
ငယ်သူငယ်ချင်း သံယောဇဉ်ကြောင့် မငြင်းခဲ့မိ

Default Title - Spring DiaryWhere stories live. Discover now