အတိတ်ကိုပဲပြောချင်တာလား
အနာဂတ်ကိုပဲပြချင်တာလားမသိမည်သူမည်ဝါမှန်းမသိ
တစ်ကြိမ်တစ်ခါမှမမြင်ဖူးတဲ့ အမျိုးသမီးငယ်က
ကျွန်မအိပ်မက်ထဲကိုအလည်ထပ်လာပြန်တယ်မြင်ဖူးနေကျလူတွေမဟုတ်ဘဲ
မမြင်ဖူးတဲ့သူမို့
ကျွန်မသူမရဲ့ဝိုးတိုးဝါးတားပုံပန်းသွင်ပြင်လေးကို
သတိထားမိပြီးအဆန်းတကြယ်ဖြစ်မိတယ်ဒီတစ်ကြိမ်တော့
သူမမျက်နှာကို
ကျွန်မအသေအချာမြင်လိုက်ပေမယ့်
ထုံးစံအတိုင်း အိပ်မက်ကနိုးတာနဲ့
အတိတ်မေ့နေသလို အစဖော်လို့မရပြန်ဘူးဒီတစ်ခါမက်ပုံကတော့
အရင်တခါတွေတုန်းကလို
ကျွန်မလက်မောင်းကို
ဖက်တွယ်နေတာလည်းမဟုတ်
နောက်ကနေခါးကို
ဖက်တွယ်ထားတာမျိုးလည်းမဟုတ်သင်တန်းကျောင်းတခု စာသင်ဝိုင်းလိုလိုမျိုးမှာ
ပထမဆုံးတွေ့ဆုံနေသလိုမျိုးသာဆရာမက တစ်ယောက်ခြင်းဆီကို
မိတ်ဆက်ခိုင်းပုံရသည်
ဒီတော့ သူမအလှည့်မှာ
သူမအကြောင်းကို သူမမိတ်ဆက်နေပုံရသည်
ဒီအကြောင်းအရာတွေကိုတော့
ကျွန်မ ကြား,မကြားမသိ
သူမ မျက်နှာလေးကိုတော့အသေအချာငေးပြီး
သူမကို လှမ်းပြောလိုက်သည့်စကားကိုတော့
ကျွန်မအသေအချာမှတ်မိသည်
" အမပြန်ရင်ညီမနဲ့အတူပြန်ရအောင်လေ
ညီမတို့ကလမ်းသင့်တာပဲ "ဒီစကားကိုသူမက မကြားဟန်ဆောင်ပြီး
သူမရဲ့အပေါင်းအသင်းတွေက
နောက်ပြောင်နေကြသည်
ထို့ကြောင့် ကျွန်မလည်းမျက်နှာထားတင်းမာသွားပြီးသူမလည်း သူမနေရာကိုပြန်သွားလေသည်နောက်တော့ သူမအပေါင်းအသင်းထဲကပဲလား
မည်သူမည်ဝါမှန်းတော့မသိ
ကျွန်မဘေးမှာထိုင်ပြီး စာအုပ်လေးထိုးပြတော့
ကျွန်မလည်းကြည့်လိုက်သည်တခြားတော့မဟုတ် ကျွန်မရဲ့မျက်နှာကို
ခဲတံနှင့်ပုံဖော် ရေးခြယ်ထားခြင်းသာဖြစ်သည်
(အပြည့်တော့မဟုတ်
ဘေးတစ်ခြမ်းပဲပြောရမလား
နှာတံလေးနဲ့ နှုတ်ခမ်းလေးတွေကို
အသားပေးပေါ်လွင်နေသယောင် )" နင်နဲ့အတော်တူတယ်မလား
နင့်ပုံကိုဆွဲနေတာမို့ ငါတို့ကလှမ်းစလိုက်တာ "ကျွန်မလည်းချက်ချင်းဆိုသလို
နှုတ်ခမ်းထောင့်လေးတွေ တွန့်ချိုးသွားပြီး
အိပ်မက်မှလန့်နိုးလာခဲ့သည်အနာဂတ်ဆိုရင်လည်း
အပြင်မှာ မျက်တောင်တစ်ခတ်ဖျားစာလေးပဲဖြစ်ဖြစ်ဆုံချင်မိတယ်
(သူမက ကျွန်မ အိပ်မက်ထဲကလူဆိုပြီးတော့လေ )Fic ရေးပြီးပဲဖြစ်ဖြစ် သူမကိုရှာရမလားပဲ
သူမလည်း ကျွန်မနဲ့ထပ်တူ မြင်မက်နေတယ်မျိုးဆိုရင်အလွယ်တကူရှာတွေ့နိုင်မလားပဲ
YOU ARE READING
Who are you ???
Romanceကျွန်မ အိပ်မက်ထဲကိုမကြာမကြာအလည်လာတတ်တဲ့အမျိုးသမီးငယ်ကိုရည်ညွှန်းရေးသားခြင်းသာဖြစ်သည်