Unicode
Bible~
"ဒီဆိုင်မှာရှိတဲ့ အချိုမြိန်ဆုံး အချိုပွဲချပေးနိုင်မလား"
Buildက ငါ့ကို အလိုမကျတဲ့ အကြည့်တွေနဲ့ တချက်ကြည့်ပြီး မီးဖိုချောင်ထဲပြန်ဝင်သွားတယ်။အလုပ်ချိန်ဖြစ်တာကြောင့် မန်နေဂျာရဲ့ အမိန့်က အသုံးဝင်တယ်လေ။စာဖိုမှူးတွေက ပုံမှန်ဆိုရင် မီးဖိုချောင်ထဲမှာဘဲ အချိန်ကုန်တတ်ပေမဲ့ ငါ့ကိုအပြင်ထွက်တွေ့နိုင်အောင် မန်နေဂျာကိုတော့ စည်းလုံးရေးသွင်းလိုက်ရတာပေါ့။ခဏအကြာတော့ Buildက သာခွေယိုင်ဆိုတဲ့ အချိုပွဲကို ယူလာတယ်။ အချိုပွဲချပြီးတာနဲ့ ပြေးဖို့ကြံနေတဲ့ Build ရဲ့လက်ကို လှမ်းဆွဲလိုက်တယ်။
"ခဏနေပါဦး!!အရသာမြည်းကြည့်ဦးမယ်"
"ကျစ်..ငါလုပ်ထားတဲ့အရာအားလုံးက အကုန်ကောင်းတယ်၊စိတ်ချလက်ချစားလို့ရတယ်"
ငါ့ကိုဘောက်ဆတ်ဆတ်ပြန်ပြောပြီး အနားကထွက်ပြေးဖို့လုပ်နေတဲ့လူကို တခါ ပြန်လှမ်းဖမ်းရသေးတယ်။အဲ့လောက်တောင် အနားမှာ မနေချင်တာလား။မျက်နှာပူလို့ရှောင်နေတာများလား။
လက်တဖက်ကBuildလက်ကိုကိုင်ထားရင်းအားနေတဲ့ လက်တဖက်ကို သာခွေယိုင်မြည်းဖို့ လုပ်လိုက်တယ်။ကောက်ညှင်းနှင့် အုန်းနို့ဆိုပေမဲ့ အီစိမ့်မသွားဘဲ အရသာကလဲ ချိုသင့်ရုံဘဲ။
"အရသာက တခုခုလိုနေသလိုဘဲ"
"ဘာ လို လို့လဲ"
Buildက မျက်လုံးမကျယ်သယောင်ပြူးသွားပြီး ငါလိမ်ပြောလိုက်တာကို မသိဘဲ သူလုပ်ပေးတဲ့အချိုပွဲမှာ တခုခုလိုနေတယ်ဆိုတာကို လန့်သွားတာ။ ငါပြောတာကို ယုံသွားတဲ့ပုံဘဲ။
"မယုံရင် လာမြည်ကြည့်လေ"
Buildရဲ့လက်ကိုအသာယမ်းလိုက်ပြီး အနားကို တိုးကပ်စေလိုက်တယ်။ငါက ထိုင်နေပြီးသူက မတ်တပ်ဖြစ်နေတာကြောင့်
"ဘာလို့ မတ်တပ်ရပ်နေမှာလဲ ထိုင်လေ"
သူ့လက်ကို အတင်းဆွဲချပြီး ငါ့ဘေးနားမှာ ထိုင်ခိုင်းလိုက်တယ်။
"ဟေး..ဘယ်လိုဖြစ်နေတာလဲ..ဒါငါ့အလုပ်ချိန်ကွ၊မင်းက လာစားတာလား ငါ့ကိုလာနှောင့်ယှက်နေတာလား"