(U)"ဟာ !"
ဖုန်းထဲ massage ၀င်လာတာကြောင့် Chanyeol မသိအောင်လှစ်ထွက်နိုင်ခဲ့ပေမယ့် တကယ်တမ်း massageက မျှော်နေတဲ့ ဂျူယောင်းဆီကမဟုတ်ဘဲ ကြော်ငြာတစ်ခုသာဖြစ်နေသည်။
Baekhyunအနားမှာ ရှိနေတဲ့ကျောက်တုံးလေးကို အဝေးတစ်နေရာရောက်အောင် ကန်ပစ်လိုက်သည်။ စိတ်လှုပ်ရှားနေခဲ့တဲ့သူ့ပုံစံကို Chanyeol မရိပ်မိပါစေနဲ့လို့သာ Baekhyun ဆုတောင်းလိုက်သည်။
"သား .. နေ့လယ်စာစားတော့မလား"
"မစားသေးဘူး အဒေါ် .. ကျွန်တော် နည်းနည်းပင်ပန်းချင်သလိုဖြစ်နေလို့ ခဏသွားနားလိုက်ဦးမယ် ခဏနေလို့ ကျွန်တော့်ပစ္စည်းတွေရောက်လာတဲ့အခါကျရင် လက်ခံပေးထားပါနော် .. တစ်ခုခုဆိုရင် ကျွန်တော့်အခန်းတံခါးကိုလာခေါက်လိုက်ပါ"
"ဟုတ်ကဲ့ပါ"
Baekhyun စိတ်ပျက်စွာဖြင့် လှေကားတစ်ထစ်ချင်းတက်ရင်း အခန်းထဲ၀င်ကာ အခန်းတံခါးကိုဖြစ်သလိုပိတ်လိုက်သည်။ နေ့လယ်အချိန်ပဲရှိသေးပေမယ့် Baekhyun စိတ်အစုံကညစ်ထေးနေသည်။ ဒီတစ်ခါ Baekhyunရဲ့ဦးတည်ရာက ကုတင်စီမဟုတ်တော့ဘဲ ရေချိုးခန်းပင်ဖြစ်သည်။
"အား ! အခုမှပဲလန်းဆန်းသွားတော့တယ်"
အနည်းငယ်စိုနေသေးတဲ့ ဆံပင်ကို တဘက်ဖြင့်သုတ်ရင်း Baekhyun ကုတင်ပေါ်မှာထိုင်ချလိုက်သည်။ အနားမှာရှိနေတဲ့ ဖုန်းကိုယူဖွင့်ကြည့်တော့ ဘာအ၀င်ကောလ်မှမရှိတာကြောင့် ဖုန်းကိုပြန်ပိတ်ပြီး ဆံပင်ရေခြောက်အောင် သုတ်နေလိုက်သည်။
ဒေါက် ဒေါက် !
"ဟုတ်ကဲ့"
"အစ်ကိုလေး .. အောက်ထပ်မှာ လူတစ်ချို့ရောက်နေလို့ တစ်ချက်လောက်ဆင်းလာပေးလို့ရမလား"
"ဟုတ်ပြီ .. ကိုယ်ဆင်းလာခဲ့မယ်"
ဆံပင်လည်းခြောက်သင့်သလောက် ခြောက်နေပြီဖြစ်တာကြောင့် တဘက်ကို ၀ရန်တာမှာထွက်လှန်းပြီး Baekhyun အောက်ထပ်ဆင်းလာလိုက်သည်။
"ဘာကိစ္စများရှိလို့လဲခင်ဗျ ?"
အပြင်အဆင်ပစ္စည်းတစ်ချို့နဲ့ ထင်ထားတာထက်ကိုများပြားနေတဲ့ လူတစ်ချို့ကြောင့် Baekhyun မျက်ခုံးပင့်လိုက်မိသည်။ ဒီလူတွေ အိမ်များမှားရောက်လာကြသလား ?