Zawgyi :
ယနေ့ညကုန်ဆုံးပြီး နောက်တစ်နေ့ရောက်သည့်အခါ လီယန်းကိုပြန်ရတော့မှာမို့ သံတမန်အရေးအရာတစ်ချို့ကို စီမံခန့်ခွဲရင်း ပရီယာ အဆောင်တော်အတွင်း အလုပ်များနေသည်။
မနက်ဖြန်ဆို ချစ်မြတ်နိုးရပါသော ဘုရင်မကလေးနဲ့ ခေတ္တခွဲခွာရပြီး အများကြီးလွမ်းနေရဦးတော့မည်ကို တွေးမိလာတိုင်း ပရီယာ ငိုပင်ငိုချင်လာသည်။
ထို့ကြောင့် ရိုစ့်အန်းအဆောင်တော်ကို သွားကာ ရိုစ့်အန်းမျက်နှာလေးကို တစ်ညလုံးထိုင်ငေးပစ်မယ်လို့ တွေးပြီး အလုပ်တို့ကို အမြန်အပြီးသတ်လိုက်၍
ရိုစ့်အန်းအဆောင်ကိုသွားရန် ၀တ်ရုံကို အနည်းငယ်ကျနကြည့်ကောင်းနေအောင် ပြင်ဆင်နေမိသည်။" မင်းသမီး ဘုရင်မကြွရောက်လာပါတယ် "
ဝတ်ရုံနဲ့ ခါးစည်းနားမှာ ယောက်ယက်ခတ်နေသည့် လက်တို့ ရပ်တန့်သွားကာ တံခါးဆီကို ပရီယာမော့ကြည့်လိုက်သည်။
တံခါးဖွင့်ဟလာသည့်နှင့် ပရီယာ့ အဆောင်တော်ထဲကို ၀င်လာသူ ဘုရင်မကလေးရဲ့ မျက်နှာလှလှလေးကို မြင်မြင်ချင်း ပရီယာပြုံးမိသည်။
" အခု ရိုစ့်အန်းကိုလာတွေ့မလို့ "
" ဘယ်ချိန်လာမလဲ ဘယ်ချိန်လာမလဲ စောင့်နေရင်းက လွမ်းလာလွန်းလို့ ကိုယ်တိုင်ထွက်လာလိုက်တာ "
ပြောရင်းဆိုရင်း ပရီယာ့ ခါးသွယ်သွယ်ကို ဖက်တွယ်ကာ ရင်ခွင်မှာပါးအပ်လာပြီး ရိုစ့်အန်းက ပရီယာကို ချွဲ့နွဲ့စွာမှီတွယ်လာသည်။
ရင်ခွင်ထဲက ကိုယ်လုံးငယ်လေးကို နွေးထွေးစွာ ပြန်လည်ပွေ့ဖက်ပေးပြီး ရွှေဝါရောင်ဆံနွယ်တို့ရှိရာ ဦးခေါင်းကလေးကို ပရီယာ အမြတ်တနိုးနမ်းလိုက်သည်။
" လမ်းလျှောက်ထွက်ကြမလား ပရီယာ "
" သွားမယ်လေ ရိုစ့်အန်းနဲ့ဆို ဘယ်အထိလျှောက်ရလျှောက်ရ "
ရိုစ့်အန်းက ပြုံး၍ လက်ဖ၀ါးလေးတို့ကို ယှက်တွဲလာစေပြီး နှစ်ဦးတည်း လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။
ပုံမှန်ထက် အနည်းငယ်ပို၍အေးနေသော်လဲ ရိုစ့်အန်းရဲ့ လက်ဖ၀ါးလေးကို ဆုပ်ကိုင်၍ လမ်းလျှောက်နေရသည်မို့ နွေးထွေးနေသလို ခံစားရသည်။
YOU ARE READING
Kryptonite(You will never be my 'kryptonite' )
RomanceUnicoe : မင်းက ငါရဲ့အားနည်းချက် ဘယ်တော့မှမဖြစ်စေရဘူး .. Zawgyi : မင်းက ငါ့ရဲ့အားနည်းချက် ဘယ်တော့မှမဖြစ်စေရဘူး ..