32.zgi

303 6 1
                                    

🌿The legend of the blue sea

အပိုင်း(32) ရေဘုရင်နဲ့နတ်စစ်သူကြီးလျိုချင်း

သုံးလောကဆိုပြီး ဘုံသုံးဘုံရှိတယ်

အောက်ဘုံ အလယ်ဘုံ အထက်ဘုံပေါ့

လူ နတ် မိစ္ဆာဆိုပြီး ဘုံသုံးဘုံမှာ သုံးနေရာခွဲလို့နေကြတယ်

စွမ်းအင်ဖြူ စွမ်းအင်နက်ဆိုပြီး အသုံးပြုကြတဲ့ စွမ်းအင်နှစ်မျိုးလဲရှိသေးတယ်

အထက်ဘုံက စွမ်းအင်ဖြူ လို့လဲခေါ်တဲ့ နတ်စွမ်းအင်ကိုအသုံးပြုကြပြီး

အောက်ဘုံကတော့ စွမ်းအင်နက်လို့ခေါ်တဲ့ မိစ္ဆာစွမ်းအင်ကိုသာအသုံးပြုကြတယ်

အဲ့ဒါကြောင့်

အထက်ဘုံနဲ့ အောက်ဘုံ ကူး‌လူးနေကြတာက သဘာဝပဲ

အကြောင်းအရင်းက အထက်ဘုံက မသေမျိုးနတ်ဘုရားတွေဟာ အောက်ဘုံက မသေမျိုးမိစ္ဆာတွေကို နှိမ်နင်းတာပုံမှန်ဖြစ်နေလို့ပါပဲ

‌အထက်ဘုံနဲ့အောက်ဘုံဟာ တစ်ချိန်လုံး တစ်ဘုံနဲ့တစ်ဘုံ ဆန့်ကျင်ကြတိုက်ခိုက်ကြနဲ့ စစ်ပွဲတွေချည်းဖြစ်နေတာ

သူတို့ကြားထဲမှာ ကင်းလွတ်ခွင်ထြားတဲ့နယ်မြေတခုတော့ရှိပါတယ်

အဲ့ဒါက ရေလူသားတွေရဲ့နယ်‌မြေပါပဲ

ရေလူသားတွေကတော့ အလယ်ဘုံနဲ့မဆိုင် အောက်ဘုံနဲ့လဲမဆိုင်တဲ့ အထက်ဘုံနဲ့တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့ သီးသန့်နယ်မြေလို့ပြောရမယ်

ဘာလို့လဲလို့မေးရင်တော့ အဖြေကတခုထဲရယ်ပါ

ရေလူသားတွေအားလုံးက မွေးရာပါ စွမ်းအင်နက်ကိုသာသုံးကြလို့ပါပဲ

ဒါပေမဲ့ သူတို့အားလုံးကိုအုပ်စိုးထားတဲ့အရှင်သခင်ကိုယ်တိုင်ကျ စွမ်းအင်ဖြူ နတ်စွမ်းအင်ကိုသာသုံးစွဲပါတယ်

ဟုတ်ပါတယ်

ရေဘုရင်က နတ်စွမ်းအင်ကိုသုံးနိုင်ပါတယ်

ရီနာနာကျတော့ တိုင်တန်ကြောင့် နတ်စွမ်းအင်ကိုသုံးစွဲခွင့်ရတာပါ

ဟေးလုံကျတော့ စွမ်းအင်နက်ကိုသာသုံးပါတယ်

အလယ်ဘုံကတော့ အထက်ဘုံလို စွမ်းအင်ဖြူတွေချည်းလဲမဟုတ် အောက်ဘုံလိုစွမ်းအင်နက်တွေချည်းလဲမဟုတ်ပဲ ရောထွေးနေတဲ့ဘုံတခုပါ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalOpowieści tętniące życiem. Odkryj je teraz