🌿The legend of the blue sea
အပိုင်း(35) ပေ့ထန်၏ယုံကြည်မူ့(2)
"ကိုယ်ဘယ်တော့ ဒီလိုအယောင်ဆောင်နေရဦးမှာလဲ "
"ရေဘုရင်ကသူ့ရဲ့ယုံကြည်မူ့ရတဲ့အထိပေါ့ သူ့နောက်ကွယ်မှာရှိနေတဲ့အင်အားစုကိုဖော်ထုတ်ရမယ် ပြီးတော့ သူ့ကိုပုလ္လင်ပေါ်ကဆွဲချရမယ် ပြီးရင် သူ့ဆေးသူ့ကိုပြန်စားခိုင်းလိုက်ရုံပဲ "
"ဒါဆို အဓိကက သူ့ယုံကြည်မူ့ကိုရဖို့ပေါ့ "
"အဲ့လိုပြောလို့ရပါတယ်"
နာနာက ရေဘုရင်ရဲ့အေးမြတဲ့ရင်ဘတ်အဖုတွေပေါ်မှာမှေးရင်းစကားပြောနေတာ
သူမရဲ့လက်က သူ့ရင်ဘတ်ပေါ်စက်ဝိုင်းလေးဆွဲလို့နေတယ်
ရေဘုရင်က အိပ်ယာပေါ်မှာလက်တဖက်ကိုခေါင်းအုံးလုပ်ထားပြီး ကျန်တဖက်နဲ့သူမကိုဖက်ထားတယ်
သူမသူ့ကိုအသုံးချနေတာသူသိပါတယ်
ဒါပေမဲ့ သူမနားရှိနေချင်တဲ့စိတ်ကိုတားဆီးလို့မရဘူး
သူ့နှလုံးသားကနာကျင်နေပေမဲ့တချိန်ထဲမှာလဲအပျော်တွေနဲ့ပြည့်နေတယ်
သူမက သူ့ကိုထားခဲ့နိုင်တယ်
ဒါကိုသူသိတယ်
သူမရည်မှန်းချက်ပြည့်သွားရင် သူ့ကိုပစ်ချထားခဲ့မှာပဲ
အဲ့လိုနေ့ရက်တွေရောက်လာမှာကိုသူစိုးရိမ်ပူပန်နေရပြီး သေဆုံးသွားမှာလားတောင်မသိဘူး
"ဟူးးးး "
"ဘာဖြစ်တာလဲ "
သူ့သက်ပြင်းချသံကအရမ်းကျယ်လောင်သွားတာလားမသိ
သူမလေးတောင်မေးလာခဲ့တယ်
"ကိုယ်မင်းကိုအရမ်းချစ်တာသိရဲ့လား"
"ဟုတ်လား"
"အဟွန်း နာနာ မင်းကငါးလည်မလေးပဲ"
"........."
ရေလူသားတွေပြောစကားနဲနဲတော့ထူးခြားတယ်
ဆိုပေမဲ့ ဘာဖြစ်လို့ သူပြောလိုက်တာနဲ့အရမ်းချစ်ဖို့ကောင်းသွားရတာလဲ
"မမေ့နဲ့ ပေ့ထန်ရဲ့ယုံကြည်မူ့ကအရေးအကြီးဆုံးပဲ ဆိုလိုတာက အချစ်လေး ရှင့်ရဲ့ဆွဲဆောင်မူ့ အဲ လုပ်ဆောင်မူ့ကအရေးအကြီးဆုံးပဲနော် "
ŞİMDİ OKUDUĞUN
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Tarihi Kurguown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...