FINAL PART

3.5K 127 41
                                    

Zawgyi

"My Only One"

"ရှန်းရှန်း... ရှန်းရှန်း"
"မားမား"

ရုံးအရှေ့တံခါးကနေ ကျောပိုးအိတ်သေးသေးလေးကိုယ်စီလွယ်ထားလျက် ပြေးလာသည့်သားလေးနှစ်ယောက်ကိုတွေ့တော့ ရှန်းက ထိုင်ချလိုက်ပြီး လက်မောင်းတွေထဲပွေ့ဖက်ထားကာ ပါးလေးတွေကို နမ်းရှုပ်လိုက်လေ၏။

"ဖေ့ဖေ့အသည်းတုံးလေးတွေ ကျောင်းကပြန်လာပြီပေါ့"

"ဟုတ်... တီတီသဝဏ်လာကြိုတာ"
"တီတီ Thank you, Grazié"

"အမလေး ဟုတ်ပါပြီ အလိမ္မာတုံးလေးတွေရေ"

ရောင်ဝါလေးတို့နှစ်ယောက်ပါးလေးကို မြသဝဏ်ကလည်း အသည်းယားစွာ နမ်းလိုက်မိတော့၏။

"သဝဏ် အားနာလိုက်တာ... မင်းကို,ကို သွားကြိုခိုင်းမလို့ကို... အခုတော့ နင့်ကို အလုပ်ပိုစေပြီ"

"ဘာကိုအားနာရမှာလဲ... သူစိမ်းတွေကျလို့"

လမ်းကြုံလို့ဝင်ကြိုလာပေးတယ်ဆိုပေမယ့်လည်း အားနာသည့်ရှန်းက အားနာမိပေမယ့် မြသဝဏ်ကတော့ ထိုအလိမ္မာလေးနှစ်ယောက်အတွက်ဆို မမောမပန်းပါဘဲ။

အခုဆို ရောင်ဝါလေးတို့နှစ်ယောက်ကို မူကြိုကိုပို့ထားတာ ကြာပြီဖြစ်သည်။ ကလေးလေးနှစ်ယောက်ဟာ မျက်စိရှေ့မှာတင် တဖြည်းဖြည်းကြီးပြင်းလာတာဟာ လေးနှစ်တောင် ကျော်လာခဲ့ပြီ။ ဝတစ်တစ် ပုပုကလေးတွေကနေ အခုဆို အရပ်လေးတွေရှည်လာတော့ ရောင်ဝါလေးတို့ဟာ ခန့်ခန့်သန့်သန့်ကလေးတွေဖြစ်လာ၏။ ဒါ့အပြင် မျက်နှာချိုချိုလေးတွေနဲ့ အတတ်ကလေးတွေလည်းဖြစ်လေတော့ အားလုံးက ပိုပြီးသည်းသည်းလှုပ်နေတော့တာပင်။

စကားနည်းနည်းပါးပါးပြောပြီးနောက် မြသဝဏ်က ရှန်းတို့ကို နှုတ်ဆက်ပြီး ပြန်သွားလေ၏။

ရှန်းကလည်း စံစံနဲ့ ဒီနေ့အလုပ်အစီအစဉ်တွေအပြီးသတ်စီစစ်မှုတွေနဲ့ နောက်နေ့ရဲ့အလုပ်ကိစ္စတွေကို ပြောဆိုလိုက်၏။
ရောင်ဝါလေးတို့နှစ်ယောက်ကတော့ ရှန်းရုံးခန်းထဲက ဆိုဖာပေါ်မှာ IPadတစ်လုံးစီနဲ့ငြိမ်ချက်သားကောင်းနေကြလေပြီ။

"My Only One" ✔️Tempat cerita menjadi hidup. Temukan sekarang