"Inspiration for Character"

716 28 2
                                    

Zawgyi

***

ဒါကတော့ ရှန်းလေးတို့ကို ဘယ်လိုကနေစ‌‌တွေ့ခဲ့တယ်ဆိုတဲ့အကြောင်းပေါ့။

"ရှန်း"ကို lonely feeling တွေထဲကနေ စတွေ့ခဲ့တာ။

၂၀၂၁ မိုးရာသီမှာ စတွေ့ခဲ့တယ်ဆိုပါတော့။

နားနားက ညဘက်ညဥ့်နက်တဲ့အထိနေတတ်တဲ့လူမျိုး။ ရှန်းလိုပဲ... ညဘက်မှ ကော်ဖီတစ်ခွက်နဲ့ စာဖတ်ရင်ဖတ်၊ ရေးချင်ရေး လုပ်တတ်တယ်။

အဲ့တော့ မိုးရာသီဆိုတော့ အရမ်းဆွေးလို့ကလည်းကောင်းတယ်လေ။ သန်းခေါင်ကျော်အထိ နံရံဘေးက စားပွဲမှာထိုင်ပြီး ဟိုတွေး၊ ဒီတွေးပေါ့။

အဲ့အချိန်မှာ ရှန်းကို ခံစားမိတာ။
ကိုယ့်လိုမျိုး တစ်ယောက်ယောက်များ မရှိနိုင်ဘူးလားလို့ တွေးနေမိချိန် မေးသံတစ်ခုကို ကြားရတယ်။

"ကျွန်တော့်လိုပဲ နားနားလည်း တစ်ယောက်တည်းပဲလား"တဲ့။

အဲ့ညတုန်းက လျှပ်စီးတွေအရမ်းလက်နေခဲ့တယ်။
ကိုယ်နားထောင်နေတာကလည်း "River Flows In You"ရဲ့ Pianoတီးလုံး။
မသိဘူး။
အဲ့တုန်းက ရင်ထဲမှာ ဝမ်းနည်းလာတာပဲ ခံစားမိတယ်။

အဲ့ကနေစပြီး "ရှန်း"ဆိုတဲ့လူတစ်ယောက်ရဲ့အကြောင်းကို အတွေးထဲမှာ အမြဲပုံမဖော်မိဘဲ မနေနိုင်ဘူး။
ပုံပန်းသွင်ပြင်ကိုလည်း အကြိမ်ကြိမ် မှန်းဆကြည့်မိတယ်။
Art တွေနဲ့ဖော်ပြဖို့ကကျ ထပ်တူကျတယ်လို့ခံစားမိတဲ့ပုံမျိုး မတွေ့သေးလို့ မတင်သေးဘူး။

ဒါကြောင့် "ရှန်းလေး"ကို အတွေးထဲမှာ ကြိုက်သလို ပုံဖော်နိုင်ပါတယ်။

***

အမှန်အတိုင်းပြောရရင် ရှန်းလေးကိုတွေ့ပြီးမှ "အဏ္ဏဝါလေး"ကို စဉ်းစားပုံဖော်ခဲ့တာ။

လူငယ်ဆန်တယ်။
နုပျိုပြီး အားအင်အပြည့်ပဲ။
ချွဲတတ်သလို ယောက်ျားပီသပြီး အရှိန်အဝါလည်းရှိတယ်။
အရမ်းလည်း နွေးထွေးသူပေါ့။

အဲဒီ (၂၂) (၂၃) အသက်အရွယ်တန်းထဲကနေ အဏ္ဏဝါလေးအတွက် Inspire ယူခဲ့တဲ့သူတစ်ယောက်ရှိတယ်။

"My Only One" ✔️Where stories live. Discover now