နေရောင်မှိန်စပြုကတည်းကဆူညံနေသောအသံများ
သည်အခုနေရောင်ပျောက်လို့လရောင်သန်းတဲ့အချိန်ထိပင်
စဝ်ဝန်ဝဠာမြတ်သည်အိမ်တော်ကြီး၏အချစ်တော်ဖြစ်တဲ့
အတွက်ကြောင့်ပင်လို့ဆိုလေမလားတစ်ဦးထဲသောသွေးသား
ရင်းခြာဆက်ဆံသူမို့ပဲဆိုရလေမလားမသိပေမဲ့အရာရာမှာသူ
လုပ်ချင်တာလုပ်ပိုင်ခွင့်ရှိသလိုသူပြောဆိုတိုင်းလဲသေဆိုသေ
ရှင်ဆိုရှင်ပါပဲ......ယခုလဲသူငယ်ချင်းတစ်သိုက်နဲ့ပျော်မြူး
သောက်စားနေလေရဲ့အသက်ပြည့်တဲ့နေ့မှာသူကြိုက်တာလုပ်
မယ်ဆိုတဲ့တစ်ခွန်းထဲကြောင့်မည်သူမှဘာမှမပြောကြပါ....
ဖွားဖွားအပါအဝင်ပါပဲ......ဒီလိုနေရာဒီလိုပုံစံကစိုင်းနှောင်းယံ
ဆိုတဲ့သူနဲ့ကတော့လုံးလုံးဝဝကြီးကိုမအပ်ဆက်တဲ့နေရာမို့
ပွဲအစမှာခဏသာထွက်ပြီးအခန်းထဲပြန်ဝင်မယ်လို့စိတ်ကူးရှိပေမဲ့လို့...အနှောက်အယှက်ပေးတဲ့လူဆိုးကောင်ကသူတို့လိုအပ်
တာလုပ်ပေးရန်အနားမှာခေါ်ထားပြန်လေတယ်။"ဟေးအလှလေး"
ဝဠာမြတ်သူငယ်ချင်းထဲကမူးကြောင်ကြောင်ဖြစ်နေတဲ့
ကောင်လေးရဲ့အသံပင်သူတို့လဲပဲ18နှစ်အရွယ်လောက်ပဲ
ရှိသေးပေမဲ့တနှာတွေပါနေမှန်းတော့အသိသာကြီးပင်"ဟေ့ကောင်တေဇအဲ့ဒါဝဠာမြတ်အကိုကွ"
"ေဟ့ေကာင်မြင့်မြတ်အောင်အဲ့အဖြူကောင်ကငါ့အကိုအရင်း
မဟုက်ဘူးကွငါ့ရဲ့Special slaveလေးကွ ဟား ဟား"ဝဠာမြတ်အဲ့အသံအဆုံးသူနဲ့အတူသူ့သူငယ်ချင်းတွေရဲ့
ဟားတိုက်ရီမှုကိုစိုင်းနှောင်းယံ ခံလိုက်ရ၏သို့သော်...
ငိုယိုပြီးထွက်ပြေးရအောင်နှောင်းယံကမိန်းကလေးတစ်ယောက်မဟုက်မိန်းမတစ်ယောက်လိုလဲနုယွမနေပါ၊ရုပ်တည်နေသော
နှောင်းယံကိုမကျေနပ်ဟန်ရှိသောဝဠာသည်"မင်းကငါ့အဖွားဝယ်ပေးထားတဲ့အင်္ကျီနဲ့တောက်ပြောင်နေတာပဲ.....ဒါပေမဲ့ငါကမင်းအတွက်ငါ့မွေးနေ့မှာဝတ်စေချင်တဲ့ဝတ်စုံ
ရှိတယ်...အဲ့ဒါနဲ့ဆိုမင်းကသိပ်လိုက်မှာ...ရော့ယူလိုက်ပြီးရင်သွားလည်းလိုက်"ဘားမှမပြောပဲသူပေးတဲ့အိတ်ကိုဆွဲကာထွက်သွားသော်အဖြူကောင်လေးကိုကြည့်ကာသူ့နှုတ်ခမ်းတစ်စုံကမဲ့ပြုံးပြုံးမိ၏
YOU ARE READING
မောင့်ငယ်ကျွန် {Ongoing}
Actionကြမ်းတမ်းသောစကားလုံးများပါသောကြောင့်အသက်ပြည့်ပြီးမှသာဖတ်ပါရန် စိတ်ကူးအရပုံဖော်သောကြောင့်ဇာတ်လမ်း၏ကျောရိုးနောက်ခံတူသွားခဲ့သော်ဒီနေရာကနေတောင်းပန်အပ်ပါတယ်။ Start date -17.8.2022