Ep 08
Uni+Zaw
နူးညံ့အိစက်သော တိမ်စိုင် တိမ်လိပ်လေးများ။ဒေါင်းလွမ်းဏီ ထိတွေ့ခံစားနေရပါ၏။နွေးထွေးလွန်းလှသည်။သူ့တစ်ကိုယ်လုံးက နာကျင်မှုတွေကိုစုပ်ယူလိုက်သည့်အလား။အိပ်မက်ဆိုလျှင် ဒေါင်းလွမ်းဏီလုံးဝ မနိုးထဘဲ ပျော်ဝင်လိုက်ချင်မိသည်။
ဝိုးတိုးဝါးတားဆိုပေမယ့် တစ်စုံတစ်ယောက်ရဲ့ ကျယ်ပြန့်သောကျောပြင်ကိုမြင်နေရသည်။မြင်ကွင်းကနေ တဖြေးဖြေးဝေးကွာသွားတော့ ဒေါင်းလွမ်းဏီ ဝမ်းနည်းသလိုလို။နွေးထွေးသော ခံစားချက်လေးနောက် အပြေးလိုက်သွားချင်သော်ငြား သူ့အနေဖြင့် လက်ချောင်းလေးတစ်ခုပင်မလှုပ်ရှားနိုင်။တိုးဖွဖွခြေသံလေး အခန်းထဲမှထွက်ခွာသွားသည်အထိ ဒေါင်းလွမ်းဏီ ငြိမ်သက်စွာနားစွင့်နေမိသည်။ထို့နောက် သူ့အသိအာရုံတို့ တဖြေးဖြေးဝေဝါးမှေးမှိန်သွားတော့သည်။
ဒေါင်းလွမ်းဏီ ပြန်လည်သတိရလာချိန်တွင် မျက်နှာအပါအဝင် သူ့တစ်ကိုယ်လုံးထိခိုက်ဒဏ်ရာရထားသော နေရာမှန်သမျှ ဆေးထည့်ပတ်တီးစည်းထားပေးသည်ကို တွေ့ရသည်။အဝတ်စားများကိုလည်း အသစ်လဲထားပေးသည်။ဒေါင်းလွမ်းဏီ နာကျင်စွာနှုတ်ခမ်းကိုမဲ့ပစ်သည်။
ဒါဘာလုပ်တာလဲ!!! ဒဏ်ရာကိုဒီလိုမျိုးဆေးထည့်ပေးတာနဲ့ သူက ကျေးဇူးတင်မယ်ထင်နေတာလား။ဒီလူတွေ သိပ်ရယ်စရာကောင်းလွန်းသည်။အတော်လည်းရက်စက်ကြသည်။နောက်ထပ်နှိပ်စက်လို့ရအောင် သူ့ကိုဆေးကုပေးသည်တဲ့လေ။
လှောင်ပိတ်ထားသော အခန်းငယ်အတွင်း တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသလောက် ဒေါင်းလွမ်းဏီဒဏ်ရာများလည်း တဖြေးဖြေးသက်သာလာသည်။သို့ပေမယ့် ရေမှလွဲ၍ မည်သည့်အာဟာရမှ မမှီဝဲ မစားသုံးရသည့် ဒေါင်းလွမ်းဏီအဖို့ အားအင်တို့ကုန်ခမ်းယုတ်လျော့နေသည်မှာ မတ်တပ်ပင်သေချာမရပ်နိုင်။
" တစ်ပတ်တိတိ မင်းကို ဘာမှမကျွေးဘူး " ဆိုတာအလိမ်ညာစကားမဟုတ်ဘူးဘဲ။နာကျည်းမုန်းတီးမှုနှင့်အတူ ဆာလောင်မှုက ဝမ်းဗိုက်အတွင်းတကျုတ်ကျုတ်။အမေနှင့် ရင်းခက်ကို လွမ်းဆွတ်သတိရမိတော့ ရင်ဘတ်တွင်းအောင့်တက်လာရသည်။အားအင်တို့ ယုတ်လျော့နေသော်ငြား လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
" စိတ်ချပါ။ အမေနဲ့ရင်းခက်ဆီ ကျွန်တော်မရရအောင်ပြန်ခဲ့မယ် "
ВЫ ЧИТАЕТЕ
သခင်ကြီးနှင့်စံအိမ်တော်
Художественная прозаညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...