Part 5 🍀

4.7K 311 29
                                    

ညနေ အိပ်တန်းတတ်ချိန်မို့ ကန်တော်ရာ ကန်ကြီးရဲ့ကန်ဘောင်ဘေးတွင်ရှိသော မန်ကျည်းပင်အိုကြီးတွင် ခြေတန်ရှည် ဗျိုင်းအဖြူတစ်ချို့နဲ့ တခြားငှက်တွေ အိပ်တန်းဝင်ရန် နားခိုလာကြသည်မှာဆူညံနေသည်။

မြို့ကျက်သရေဆောင် ကန်တော်ရာကန်ကြီးက အတော်ကြီးမားသည့် ရေကန်ကြီးဖြစ်တာကြောင့် ကြာဖြူတွေသာမက ပဒုမ္မာကြာတွေလဲ ပွင့်လန်းသည်။ တစ်မြို့လုံးရဲ့ သောက်ရေအတွတ်သာ ရေစက်နဲ့မောင်းတင်ပြီး ရေတွန်းလှည်းတစီး နှစ်ရာနဲ့ စနစ်တကျ ရောင်းတာမို့ ကန်ထဲ ရေဆင်းခပ်တာမျိုး ခွင့်မပြုပဲ သံဇကာ ကွက်တွေနဲ့ကာရံထားသည်။ ကန်နဖူးက ကျယ်တာကြောင့် တမံတလင်းခင်းထားပြီး မြို့ကပြည်သူတွေ စုပေါင်းလှူထားတဲ့ အုတ်ခုံအလှလေးတွေက ကန်ကြီးပတ်ပတ်လည်တွင် တည်ရှိနေ၏။ ဒါကြောင့်လဲ ညနေဘက်တွေဆို မိသားစုတွေ လာရောက်လည်ပတ်ကြပြီး ညဘက်တွေမှာတော့ ဂီတာတဒေါင်ဒေါင်နဲ့ လူပျိုကာလသားတွေ သူ့အစုနဲ့သူထိုင်ပြီး သီချင်းဆိုကြ၊ပျော်ကြနဲ့ ရှိလေသည်။

စည်းတို့အိမ်နဲ့ ကန်တော်ရာကန်ကြီးက တစ်လမ်းကျော်လောက်သာ ကွာတာမို့ လမ်းက ကြာကြာလျှောက်စရာမလို၊ ဒါကြောင့် အစ်ကိုနဲ့ တွေ့ဖို့ချိန်းတိုင်း စည်းက ကြိုရောက်နေလေ့ရှိသည်။ တွေ့ချင်တဲ့ဆန္ဒက အရမ်းစောနေတာလဲ ပါမည်ပေါ့။ အရင်တပတ်က ကန်ဘောင်ကို အစ်ကိုနဲ့အတူ ပထမဆုံးရောက်ခဲ့တာ။ စည်းက သောက်လေ့မရှိတာကြောင့် ဘီယာတစ်ဘူးပဲသောက်ပြီး အစ်ကိုက ကျန်တဲ့ဘီယာဘူးအကုန် သောက်သွားတာ။ အပြန်လမ်း သူ့ဘာသာဆိုင်ကယ်မောင်းနိုင်တယ် ပြောပြီး မောင်းသွားပင်မဲ့ စည်းမှာ ရင်တထိတ်ထိတ်၊ အစ်ကို့ဖုန်းထဲ မှတ်ပေးလိုက်တဲ့ သူ့ဖုန်းနံပါတ်လေးကို ခေါ်ပါစေ ဆုတောင်းခဲ့ရတာ၊ bro ပြန်ရောက်ပြီ ညီ ဆိုပြီး ရွှတ်နောက်နောက် ဖုန်းဆက်ပြောလာမှသာ ရင်ထဲက ပူလောင်မှုတွေ အခိုးအငွေ့အဖြစ် လွင့်ပျယ်သွားနိုင်ခဲ့တာ၊ဒါတွေ bro ဆိုတဲ့ အစ်ကိုက သိမှာမဟုတ်သလို စည်းကိုယ်တိုင်လဲ ဘယ်တော့မှ ထုတ်ပြောဖြစ်မယ်မထင်ဘူး...ယောင်္ကျားချင်း ကျွန်တော် အစ်ကို့ကိုချစ်နေမိပြီ ဆိုတဲ့အကြောင်းကိုရောပေါ့လေ။

 လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍 Место, где живут истории. Откройте их для себя