ပဲခူးမြို့အတွင်းမှ ဆိတ်ငြိမ်သည့် စားတော်ဆက်တစ်ခုရှေ့သို့ မှန်သားမောင်းလာသည့် ဆိုင်ကယ်နီနီလေးက ထိုးရပ်လာ၏။အတတ်နိုင်ဆုံး ခြေလှမ်းတို့ကို တည်တည်ငြိမ်ငြိမ်လျှောက်လှမ်းနေသည့် သူ့ရင်ထဲတွင်တော့ အိုးစည်ဒိုးပတ်ဝိုင်းများ လှည့်လည်နေလျှက်...
ဦးစားပေးတက္ကသိုလ် လျှောက်လွှာများကို စာတိုက်မှတစ်ဆင့် အတူတူတင်ကြရန်အတွက် အဖွဲ့လိုက်ဆုံတွေ့ရန် ချိန်းဆိုထားကြခြင်းမို့ မလာ၍လည်းမဖြစ်။
မလာဘဲ အခြားအကြောင်းပြကာ ရှောင်လွဲနေပါကလည်း အခြားသူများက တစ်မျိုးတစ်ဖုံထင်သွားနိုင်သည်မို့ စိတ်ကိုတင်းရင်းလာခဲ့ရသော်လည်း ရာရာနှင့် တွေ့ရမည်ကို ရင်ထဲတစ်မျိုးကြီးဖြစ်လာရ၏။
မတွေ့လိုသည်မဟုတ်ဘဲ ရှက်ရွံ့ကာ အားနာနေမိခြင်းဟုဆိုပါက ပို၍မှန်လိမ့်မည်ထင်ပါသည်။
ဆိုင်အတွင်းဘက်ဘက်ဆီ ဝင်သွားမိသည်နှင့် classicဆန်သော အပြင်အဆင်နှင့် ငြိမ့်ညောင်းသော တယောသံခပ်ချွဲချွဲလေးက ပျံ့လွင့်လျှက်...
ဂီတသံက အမှန်တကယ်ပင် စိတ်၏အာဟာရဖြစ်ဟန်တူလေသည်။
ဆိုင်ထဲဝင်လိုက်ပြီးနောက် ကြားနေရသည့်ဂီတသံကြောင့် မှန်သားစိတ်တို့ပါ ဖြည်းဖြည်းချင်း အေးဆေးငြိမ်သက်လာ၏။
ထိုအရာကပင် ဤဆိုင်ငယ်လေး၏ လူကြိုက်များရသည့် ဆွဲဆောင်မှုတစ်ခုဖြစ်လာဟန်ပင်...
အနည်းငယ်ငြိမ်သက်လာသည့် စိတ်အာရုံကိုစုစည်းလျှက် ဆိုင်အတွင်းဆီဝေ့ဝဲကြည့်မိသည့်အခါ ဆိုင်အတွင်းဘက်ထဲ နံ့သာနှင့်အတူထိုင်နေသည့် ရာရာကို တွေ့လိုက်ရသည်။
ရာရာနှင့် နံ့သာကိုသာ တွေ့ရသေးသည်မို့ လွင်ပြင်နှင့် အရိပ်ကမူ ယခုအချိန်အထိ ရောက်ပုံမပေါ်သေး။
စာမေးပွဲပြီးသည့်နေ့ကတည်းက သူလည်း လွင်ပြင်နှင့်မတွေ့ဖြစ်...
နံ့သာထည့်ပေးထားသော " စပ်စလူးစိန်များ" အမည်နှင့် ငါးယောက်အဖွဲ့ gp chatတွင်သာ စကားပြောရင်း အဆက်အသွယ်ရနေ၏။
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...