လွဲချော်ခဲ့သော ဆုံမှတ်များ

2.9K 197 16
                                    

စာပြန်ပြင်ထားလို့ ပြန်တင်လိုက်တာပါ။"လွဲချော်ခဲ့သောဆုံမှတ်များ"ဆိုတဲ့ခေါင်းစဥ်အတိုင်း လွဲချော်ခဲ့ခြင်းတွေကိုရေးဖို့ဒါလေးကိုစထားခဲ့တာ။လွဲချော်ခြင်း (၂) ကိုမကြာခင်တင်ပေးမှာမလို့စောင့်ပေးပါအုံးနော်။ခေါင်းစဥ်တစ်ခုတည်းအောက်က မတူညီတဲ့ ဇာတ်လမ်းတွေကိုဖတ်ရမှာပါ။💙

လွဲချော်ခဲ့သောဆုံမှတ်များ (၁)

တိမ်တိုက်လေးမှတစ်ဆင့်ရေးတဲ့စာ

ပျော်ရွှင်ခြင်းဆိုတာဘာမှန်းမသိတဲ့ကိုယ့်ဘဝထဲကို ပထမဆုံးပျော်ရွှင်ခြင်းတွေသယ်ဆောင်လာပေးတဲ့အမျိုးသမီး။လဲကျချိန်တိုင်းထူပေးပြီးဒဏ်ရာရချိန်တိုင်းဂရုစိုက်ပေးတဲ့သူမက ကိုယ့်ကိုညီမလေးတစ်ယောက်ထက်ပိုခဲ့လား၊မပိုခဲ့ဘူးလားဆိုတာသူမကိုယ်တိုင်ပဲသိနိုင်ပါတယ်။

အစ်မနဲ့စတွေ့တဲနေ့က ကောင်းကင်ကြီးကကြည်ပြာရောင်၊မှတ်မှတ်ရရ ကံ့ကော်တွေကပင်လုံးကျွတ်ပွင့်ပြီးမွှေးပျံ့နေခဲ့တဲ့နေ့လေးပေါ့။စိမ်းနုရောင်ဝမ်းဆက်လေးဝတ်ထားခဲ့တဲ့အစ်မကို စွဲလန်းစွာငေးကြည့်မိခဲ့တဲ့အချိန်တွေ တကယ်ကိုရင်ခုန်စရာပါပဲ။အစ်မကလှတယ်။မဟုတ်ဘူး အစ်မကချစ်ဖို့ကောင်းတာ။ဘယ်လိုပဲနေနေ အစ်မကချစ်စရာလေး။

အစ်မနဲ့တွေ့တိုင်း အစ်မရဲ့မျက်ဝန်းနက်နက်တွေကိုအမြဲငေးကြည့်ဖြစ်ခဲ့တယ်။အဲ့လိုငေးကြည့်တိုင်းအစ်မကမျက်လွှာလေးချလို့ရှက်ပြုံးလေးပြုံးတတ်တယ်။အဲ့လိုဆွဲဆောင်မှုအပြည့်ရှိတဲ့အစ်မရဲ့အသက်က (၃၅)နှစ်တဲ့။ကိုယ့်ထက် အစ်မက ၁၅နှစ်တိတိကြီးခဲ့ပါရဲ့။

အစ်မရေ အစ်မကလေညီမနှလုံးသားထဲမှာတမြေ့မြေ့နစ်ဝင်နေတဲ့ဆူးလေးတစ်ချောင်းပါ။နှုတ်ပစ်လိုက်ဖို့လည်းမတွေးရဲပါဘူး။အစ်မနဲ့ပတ်သက်ရင်ဒဏ်ရာတွေကိုလည်းညီမချစ်တတ်ပါတယ်။တစ်ယောက်ပြိုရင်တစ်ယောက်ငိုပြီးတစ်ယောက်ပျော်ရင်တစ်ယောက်ကအလိုလိုပျော်မိသည်အထိရင်းနှီးခဲ့ကြတယ်။ဒီရင်းနှီးမှုတွေကိုအစ်မဘက်ကဘယ်လိုတွေးမလဲမသိပေမဲ့ညီမကတော့အချစ်လို့ပဲခေါင်းစဥ်တပ်ခဲ့မိပါတယ်။ငယ်ရွယ်သူမလို့စိတ်ကစားခဲ့တာမဟုတ်ရပါဘူးအစ်မရယ်။အစ်မဖြစ်နေလို့တစ်ဘဝလုံးစာ ဒီအချစ်နွံထဲခုန်ဆင်းလိုက်မိတာပါ။နောက်ဆုံးမှာဒဏ်ရာတွေပဲကျန်ခဲ့မယ်လို့ဘယ်သူကထင်မှာလဲ။

You've reached the end of published parts.

⏰ Last updated: Jun 18 ⏰

Add this story to your Library to get notified about new parts!

လွဲချော်ခဲ့သော ဆုံမှတ်များ Where stories live. Discover now