အပိုင်း ၃၃

4.2K 539 0
                                    

Unicode

  
အိမ်ရှေ့စံက ဆိုလာသည်။

"ခမည်းတော်က တအားစိတ်လိုက်မာန်ပါဖြစ်လွန်းတယ်။ဒါကြီးက မဖြစ်နိုင်ဘူးလေ။ ညီမလေးရဲ့နည်းလမ်းက ကောင်းသားပဲ။ဒါပေမဲ့ ကျူးလင်ဧရိယာကို ဖမ်းသိမ်းရုံလောက်က အဲ့ဒီသန္ဓေယုတ်လေး ဟန်ရှောင်လက်အတွက် ဈေးပေါလွန်းမနေဘူးလား။ဒီတိုင်း ခွိုင်ရန်အထိ တက်သိမ်းပြီး တောထဲတောင်ထဲ အချိန်ဖြုန်းနေရမဲ့ညီမလေးကို သွားကယ်လိုက်တာ ပိုမကောင်းဘူးလား"
  
စန်းယွမ်ယွမ် : "......."
  
နောက်ဆုံးတော့ သူမမှာ ထိုသားအဖနှစ်ယောက်အား နယ်စပ်မှာ သံချပ်ကာတပ်တွေကို တပ်စွဲရုံသာရှိစေ၍ တတ်နိုင်လျှင် မတိုက်ခိုက်ဘဲနေပေးကြဖို့ကို နားချရတော့သည်။
  
ကြားထဲကနေ မီးငြိမ်းဖို့ကြိုးစားနေရတာလဲ လွယ်မနေဘူးနော်။
  
ဒီဘက်ခြမ်းကို ဖြေရှင်းပြီးရုံရှိသေး။ ဟန်ရှောင်လင်၏ ကျောက်စိမ်းအမိန့်ပြားက လင်းလာပြန်သည်။
  
"စန်းအာ..နောက်တစ်ခါ မင်းနေကောင်းသွားတဲ့အခါကျရင် လျှောက်လည်ပတ်ဖို့ ကိုယ်မြို့တော် အပြင်ဘက်ကို သေချာပေါက်ခေါ်သွားပေးမယ်။ကိုယ် အခု အနောက်ပိုင်း သဲကန္တာရထဲကို ရောက်နေပြီ။ သဲကန္တာရထဲမှာ လမင်းကြီးက တကယ့်ကို အကြီးကြီးနဲ့ ဝိုင်းစက်နေရောပဲ။နေ့ခင်းဆို နည်းနည်းပူပေမဲ့ ရှုခင်းတွေကတော့ လက်ဖျားခါလောက်အောင်ပဲ။ လူတိုင်းရင်ကို ငြိမ်းအေးသွားစေရောပဲ။ စန်းအာ...ကိုယ်ကတော့ မင်းကို လွမ်းနေရပြီကွာ"

စန်းယွမ်ယွမ်က ခပ်ပေါ့ပေါ့ပင် တုံ့ပြန်လိုက်၏။ သူမစိတ်က ထွင်းထုထားသည့်သစ်သားပြတင်းပေါက်ကြီး၏ အပြင်ဘက်ကနေ ပျံ့လွင့်သွားကာ တောင်ဘက်ပိုင်းရှိ စန်းပြည်နယ်ထံ ပျံသန်းနေပြီပဲ ဖြစ်သည်။
  
ရုတ်ချည်းဆိုသလို မိန်းမတစ်ယောက်၏ အော်သံက သူမအား စိတ်နှင့်လူနှင့် ပြန်ကပ်သွားစေလေ၏။
  
သူမနှလုံးသားက ချက်ချင်းပင် နှစ်မြုပ်သွားရကာ ခန်းမထဲမှာ ပုန်းကာ ချောင်းနားထောင်နေသူများ ရှိနေသလားဟုတောင် တွေးမိသွားတော့သည်။
  
ထို့နောက်မှာတော့ သူမဟာ ဟန်ရှောင်လင်၏ အနည်းငယ် စိတ်မရှည်ဖြစ်နေသည့်အသံကို ကြားလိုက်ရလေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now