"လည်လိမ်ပြီးသတ်မယ် ။ အသားလတ်လတ်ဆတ်ဆတ်ရမယ်"
စကားဆုံးသည်နှင့် သူ့ရှေ့မှာရပ်နေသော ဆိတ်ကြီး၏ လည်ပင်းကိုေဆာင့်ဆွဲလိုက်၏။ အရှိန်သည် လျှင်မြန်လှသောကြောင့် သဘာပတိအားသေနတ်ဖြင့်ချိန်ရွယ်ထားကြသော ဆိတ်ကြီး၏အဖွဲ့သားများသည် မျက်စိတစ်မှိတ်အတွင်း ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကြသည်။
"ဟာ ဟိတ် လွှတ်လိုက်စမ်း"
"ဟိတ်လူ သေချင်လို့လား ။ လူကိုလွှတ်လိုက်စမ်း"
ထိတ်ထိတ်ပျာပျာဖြစ်သွားသောအဖွဲ့သားများသည် ပြင်ဆင်ချိန်ပင်မရလိုက်ပဲ လည်ပင်းအညှစ်ခံထားရသောကြောင့် မျက်လုံးကြီးပြူးကာ တအစ်အစ်နှင့်ဖြစ်နေသောဆိတ်ကြီးအား သဘာပတိလက်ထဲမှကယ်ထုတ်ရန်ပြင်ရတော့သည် ။ တစ်ဖက်မှာလည်း ဖမ်းထားသည့်မိန်းကလေးများ လွတ်လမ်းကိုခံစားမိကြ၍ ငြိမ်ငြိမ်မနေကြတော့ဘဲ ကြောက်လန့်တကြားရုန်းကန်ထွက်ပြေးကြတော့၏။
ဝရုန်းသုန်းကားဖြင့် ထွက်ပြေးသွားသည့်မိန်းကလေးများကို လိုက်ဖမ်းရနိုးနိုး၊ သူတို့ဆရာကိုပဲကယ်ရနိုးနိုးတွေဖြစ်ကုန်ကြသည်။ အခြေအနေသည် တစ်ယောက်နှင့်အများ အသာစီးရနေရာမှ ရုတ်ချည်းပင် ပြောင်းပြန်လန်သွားတော့သည်။
သဘာပတိ၏ သိပ်မရှည်လျားလှသော်လည်း ချွန်မြထက်မြိနေသောလက်သည်းများနှင့် ရှည်သွယ်သွယ်လက်ချောင်းများသည် ဆိတ်ကြီး၏လည်မျိုကိုဖောက်ဝင်နေပြီး သွေးစိမ်းရှင်ရှင်တို့စီးကျ၍နေ၏ ။ ဆိတ်ကြီး၏အရပ်အမောင်းသည် ပုသည့်အထဲမပါသော်လည်း သဘာပတိနှင့်ယှဥ်လျှင်တော့ လည်ပင်းအား,အားနှင့်အညှစ်ခံနေရသည့်အချိန်တွင် သိသိသာသာ ခြေဖျားကြွနေရသည်။ အသက်ရှူကျပ်မှုကြောင့် မျက်လုံးကြီးများပြူးထွက်နေပြီး မျက်နှာကြီးကနီရဲကာ ဖောင်းပစ်နေသည်။
ဆိတ်ကြီး၏အဖွဲ့သားတွေက သဘာပတိကိုသေနတ်ဖြင့်ချိန်ရွယ်ထားကြသော်လည်း သူတို့ဆရာ၏အသက်ဘေးကြောင့် မပစ်ရဲကြပေ။ အမှန်စင်စစ် ကျည်ဆန်က ကာယအားထက်ပိုမြန်သော်ငြား သူတို့မျက်စိရှေ့တွင်ဖြစ်သွားသော သဘာပတိ၏လှုပ်ရှားမှုကို သတိလက်လွတ်မလုပ်ရဲကြပါချေ။ အနားမှသာ အမိန့်ပေးနေကြ၏။
VOCÊ ESTÁ LENDO
နိယာမ(Desire) [ခေတ္တရပ်နား]
RomanceRead? Or else Leave ..... ယခု fiction တွင်ပါဝင်သောအကြောင်းအရာများသည် သွေးထွက်သံယိုအခန်းများ ၊ စိတ်မချမ်းမြေ့ဖွယ်အခြေအနေများ ၊ အသုံးအနှုန်းကြမ်းများပါဝင်နိုင်ပါသဖြင့် warning 20+ ပေးထားပါသည်။ ထို့ကြောင့် ဖတ်မည်ဆိုပါက read ur own risk guys!