Build - ငါမင်းနဲ့မနေဘူး....ကိုယ့်အိမ်ကိုပြန်မယ်။
Bible - ခင်များ...အဲစကားထပ်ပြောရဲပြောကြည့်နော်။
Build - ပြောတယ်....ဘာဖြစ်လဲ....ပြန်မယ်...ပြန်မယ်...ပြန်မယ်...ငါ့ကိုအနိုင်ကျင့်တဲ့မင်းနဲ့မနေဘူး။
Bible - ခင်များ...ပြောလေကဲလေပါလား။ကောင်းပြီလေ.....ခင်များစမ်းရဲရင်စမ်းကြည့်လိုက်....အိမ်အပြင်ကိုထွက်ဖို့တွေးတာနဲ့ကျုပ်ဘာလုပ်မိမယ်မသိဘူးနော်။ခင်များကိုကြိုသတိပေးထားတာ။
Build - အဟင့်.....daddyနဲ့မင်းကိုတိုင်ပြောမှာ။
Bible - ခင်များDaddyကိုနိုင်တဲ့ကျုပ်Mamaတယောက်လုံးရှိတယ်။ကြောက်စရာလား။ခင်များသွားတော့....အပေါ်ပြန်တက်တော့....မဟုတ်ရင်ကျုပ်အဆိုးမဆိုနဲ့တော့နော်။
Build - အဟင့်....မင်းကိုမခေါ်ဘူး...။
Bible - ကျစ်....တကယ်ပဲပြသနာကတနေ့တမျိုးမရိုးရဘူး...ဟင်း.....။
ရန်ဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်ကတော့Bible Wichapas Sumettikulနဲ့Build Jakapan Puttha။မိဘတွေကအရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ပြီးအိမ်ကပေးစားတာကြောင့်ယူလိုက်ရတဲ့သူတို့နှစ်ယောက်။Bibleကတော့Buildမေမေရဲ့Mama's boyဖြစ်ပြီးBuildကတော့Bibleဖေဖေရဲ့Daddy's princeပင်။အိမ်ကပေးစားလို့ယူလိုက်ရတာကြောင့်ပြသနာကတော့တနေ့တမျိုးမရိုးရပေ။Buiကလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်သလောက်စည်းကမ်းကြီးတဲ့Bibleကြောင့်နှစ်ယောက်သားပြသနာတက်မြဲပင်။အခုပြသနာတက်ရသည့်အကြောင်းရင်းမှာလဲအဲကိစ္စကြောင့်ပင်။ညည့်နက်မှclubသွားဖို့ပြင်နေတဲ့Buildနဲ့ညအိပ်ချိန်အပြင်မထွက်ခိုင်းသောBibleကြောင့်ပြသနာတက်နေခြင်းပင်။Buiကကလေးလိုနေပေမယ့်Bibleထက်၃နှစ်နီးပါးကြီးတာကြောင့်နောက်ဆုံးတော့မသိမသာအလျှော့ပေးလိုက်မြဲပင်ဖြစ်သည်။အခုလဲငိုရုံသာငိုပြီးBibleသဘောကျအခန်းထဲကိုပြန်ဝင်သွားသည်ပင်။
Buiတယောက်Bibleနဲ့ပြသနာတက်ပြီးအခန်းထဲ၀င်ကာငိုနေမိသည်။
Build - ငါ့ကိုပဲအနိုင်ကျင့်နေတာ။ငါကသူ့ထက်ကြီးတာကိုလူကိုကလေးလိုလာပြီးဆက်ဆံနေတာ....ဟင့်....။
Bible - ခင်များအိပ်တော့။ပွစိပွစိပြောမနေနဲ့။ကျုပ်ဒေါသထွက်ရင်ခင်များမလွယ်တော့ဘူးနော်။ငိုနေတာတိတ်ပြီးအိပ်တော့!!!
YOU ARE READING
Mama's Boy And Daddy's Prince