ကျွန်တော့်နာမည်ကBibleပါဗျ။ကျွန်တော်မှာမိဘတွေမရှိတော့ဘူး။ကျွန်တော်သုံးနှစ်သားလောက်ထဲက ကားမှောက်ပီးဆုံးသွားလို့ ကျွန်တော့်ရဲ့ဦးလေးက ကျွန်တော့်ကိုမွေးစားခဲ့တာပေါ့ဗျာ။
ကျွန်တော့်ဦးလေးမှာလဲသားတစ်ယောက်ရှိတယ်။သူ့နာမည်ကTongတဲ့။ကျွန်တော့်ထက်8နှစ်လောက်ကြီးတယ်။P'Tongမှာလဲအမေမရှိတော့ဘူးလေ။အဲ့တော့အိမ်မှာ ကျွန်တော်ရယ်၊ ဦးလေးရယ်၊ P'Tongရယ်ဘဲနေကြတာပေါ့။
ကျွန်တော်ကံကောင်းတာတစ်ခုကP'Tongနဲ့ဦးလေးက ကျွန်တော့်ကိုအရမ်းချစ်ကြတယ်။ခုဆိုP'Tongကဆရာဝန်ကြီးတောင်ဖြစ်နေပီလေ။ကျွန်တော်လဲP'Tongလိုတော်တဲ့ဆရာဝန်တစ်ယောက်ဖြစ်ချင်တာမို့ စာကိုအမြဲသေချာကြိုးစားခဲ့တယ်။
ခုတော့ကျွန်တော်က ဆေးကျောင်းပထမနှစ်ရောက်နေပီလေ။ကျွန်တော်ကမျက်မှန်ဝိုင်းလေးလဲတပ်ထားရတယ်ဗျ။စာကြည့်လွန်းလို့တပ်ထားရတာဆိုပါတော့ဗျာ။ကျောင်းကလူတွေတော်တော်များများကတော့ ကျွန်တော့်ကို စာဂျပိုးလို့ခေါ်ကြတယ်။
ကျွန်တော်ကအေးအေးဆေးဆေးဘဲနေတတ်ပီး စကားလဲနည်းတော့ ကျွန်တော့်မှာသူငယ်ချင်းလဲမရှိဘူးရယ်။ခုလဲအေးအေးလူလူစာကျက်ချင်လို့ဆိုပီး ဘောလုံးကွင်းနဲ့မလှမ်းမကမ်းက သစ်ပင်အောက်မှာထိုင်ပီးစာကြည့်နေတာပေါ့ဗျာ။
"ဒုတ်"
ရုတ်တရပ်ခေါင်းကိုလာမှန်တဲ့ဘောလုံးအရှိန်ကြောင့် ကျွန်တော့်ခေါင်းတွေချာလည်လည်သွားပီး လူကလဲထိုင်နေရာကနေလဲကျသွားတော့တယ်။ဖြစ်ချင်တော့ ကျွန်တော့်မျက်မှန်ကလဲဘယ်ကိုလွင့်သွားတယ်မသိပါဘူးဗျာ။မျက်လုံးကလဲ မျက်မှန်မပါတော့ ဝါးတားတားဘဲမြင်ရတော့တယ်။
"ကျစ်....ဒီနေ့ကပြသာဒါးလားဟ မနက်ကလဲခလုတ်တွေခဏခဏတိုက်တယ် ခုလဲခေါင်းကိုဘောလုံးကမှန်ပြန်ပီ အရေးထဲမျက်မှန်ကလဲဘယ်ရောက်သွားလဲမသိဘူး"
Bibleဟာတစ်ယောက်ထဲပွစိပွစိပြောရင်းနဲ့ ထိုင်ရက်ကနေသူ့မျက်မှန်ကို ဟိုစမ်းဒီစမ်းနဲ့ရှာနေပါတော့တယ်။
အဲ့အချိန်မှာဘဲ ဘောလုံးဝတ်စုံတွေဝတ်ထားတဲ့လူသုံးယောက်သူ့ဆီကိုလာတာကိုသူရေးရေးလေးမြင်နေရတယ်။အဲ့သုံးယောက်ထဲက အလယ်ကတစ်ယောက်က သူ့ရှေ့မှာထိုင်ချလိုက်ပီး...
"ဟေးးးNong...Nong...ဘာဖြစ်သွားသေးလဲ...အရမ်းနာသွားလားဟင်"
သူ့ကိုမေးနေတဲ့အသံချိုချိုလေးကြောင့် ခုနဒေါသစိတ်တွေဘယ်လွှင့်သွားမှန်းမသိတော့ပေ။
"ဟို..ဟို...ကျွန်တော့်မျက်မှန်"
"အော်...Nongကမျက်မှန်ရှာနေတာလား ဟေ့ကောင်Bas...မင်းရှေ့နားကမျက်မှန်ကောက်လာခဲ့ပေး"
ထိုသူကသူ့ဘေးကသူ့သူငယ်ချင်းဖြစ်ဟန်တူသည့်သူကိုမျက်မှန်ကောက်ခိုင်းလိုက်တော့ Basဆိုသူကကောက်လာပီး သူ့ရှေ့ကသူကိုပေးလိုက်လေသည်။
"ရော့...Nongမျက်မှန်"
Bibleလဲမျက်မှန်ကိုအမြန်ယူပီးတပ်လိုက်တော့ သူ့ရှေ့ကသူကသူ့ကိုပြုံးပီးကြည့်နေတာကိုတွေ့လိုက်ရတော့တယ်။ခုနမျက်မှန်မပါတော့သူသေချာမမြင်ရတာတောင် အသံလေးနဲ့ဖမ်းစားသွားတာ။ ခုမျက်မှန်တပ်ပီးကြည့်လိုက်တော့အပြုံးလေးနဲ့ပါ လူကိုအသေသတ်နေသူကိုBibleတစ်ယောက်တဖြုတ်ဖြုတ်နဲ့ကိုကြွေသွားပါတော့တယ်။
"Sorryနော်Nong...ခုနအကိုတို့ကန်လိုက်တဲ့ဘောလုံးကNongကိုမှန်သွားတာလေ ဘယ်နားထိသွားလဲ အရမ်းနာနေလားဟင်"
"ရ..ရပါတယ်ဗျ ခေါင်းကိုနည်းနည်းထိသွားရုံလေးပါ"
"အော် ဟုတ်လား ဒါနဲ့Nongကပထမနှစ်ကလား အရင်ကတစ်ခါမှမမြင်ဖူးလို့"
"ဟုတ်ကဲ့..ကျွန်တော်ကခုမှပထမနှစ်ပါ...ဒါနဲ့နာမည်က"
"ကျွန်တော့်နာမည်Bibleပါဗျ"
"ဟုတ်လား....အကို့နာမည်က..."
ထိုအကိုကဆက်ပြောရန်ပြင်နေစဥ်မှာဘဲ ခပ်လှမ်းလှမ်းကနေ အသံတစ်ခုကဝင်နှောက်ယှက်သွားလေသည်။
"ဟေ့ကောင်တွေ...အတန်းချိန်နီးနေပီ အမြန်လာကြဟ....ဆရာဆူတာခံနေရအုံးမယ်"
"အေး အေး လာပီApoရေ...မင်းဆိုတာလဲအသံပြဲကြီးနဲ့"
"ကဲ ဒါဆိုအကိုတို့သွားတော့မယ်နော်Nong Bible"
"ဟုတ်"
သူတို့အဖွဲ့ထွက်သွားတော့ ...
"နာမည်လေးတောင်မသိလိုက်ရဘူး....ဒါပေမယ့်လဲငါဒီနေ့သူလေးနဲ့တွေ့ရတာကံကောင်းလိုက်တာ....ရင်တွေလဲခုန်နေတာပေါက်ထွက်မတတ်ဘဲ...ဘုရားရေ...ငါ...ငါ...အဲ့အကိုကိုချစ်မိသွားပီထင်တယ်"
မြင်မြင်ချင်းအချစ်ဆိုတာကိုခင်ဗျားတို့ယုံလားမသိပေမယ့် ကျွန်တော်ကတော့ယုံတယ်ဗျ။အဲ့ဒီ့အပြုံးလှလှလေးနဲ့အကို့အကြောင်းတွေကို ဒီနေ့ကစပီး ကျွန်တော်စုံစမ်းတော့မယ်ဗျာ။
YOU ARE READING
🍀Crush🍀
Fiksi Penggemarမြင်မြင်ချင်းအချစ်ဆိုတာကိုခင်ဗျားတို့ယုံလားမသိပေမယ့် ကျွန်တော်ကတော့ယုံတယ်ဗျ။ #BibleBui