ဂျုံဆောင်းဟာ သူ့ရဲ့ခံစားချက်တွေကို ကွယ်ဝှက်တဲ့နေရာမှာ ဘယ်တုန်းကမှမတော်ခဲ့ဘူးဆိုတာကို ဂျုံဆောင်းနဲ့ ရင်းနှီးတဲ့သူတိုင်းသိကြတယ်။
အထူးသဖြင့် ပတ်ဆောင်းဟွန်း။
ဆယ်စုနှစ်တစ်စုကျော်လောက် ခင်မင်လာတဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့အပြင် လက်ရှိမှာလည်း ဂျုံဆောင်းရဲ့အခန်းဖော်တစ်ယောက်ဖြစ်တဲ့သူ။
ဂျုံဆောင်းကတော့ သူ့ကိုယ်သူ ခံစားချက်တွေသိမ်းဆည်းတဲ့နေရာမှာ တော်သင့်သလောက်တော်တယ်လို့ထင်မိတယ်။ သို့ပေမဲ့လည်း ဆောနူးရဲ့လေသံအတိုင်းပြောရမယ်ဆိုရင်။
"ဂျုံဆောင်းဟျောင်းက နည်းနည်းလေးမှ လိမ်မပြောနိုင်ဘူး"တဲ့။
ဂျုံဆောင်းဟာ Sigma Alpha အဖွဲ့ဝင်အချို့နဲ့ရင်းနှီးတယ်ဆိုတာကို သူ့ရဲ့အခန်းဖော်တွေဖြစ်တဲ့ ဆောင်းဟွန်း၊ ဆောနူးနဲ့ ဂျောင်ဝန်းတို့သိကြပါတယ်။
Sigma Alphaရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အပြင် ဂျုံဆောင်းရဲ့ Physics Lab ပါတနာဖြစ်တဲ့ နီကိုးလပ်စ်ဟာ သူတို့အဖွဲ့ရဲ့ပါတီကို ဖိတ်ဖူးတဲ့အကြောင်း သူတို့လေးယောက်အတူညစာစားနေတဲ့အချိန်မှာ ပြောခဲ့မိဖူးတယ်။
ဆောနူးက ထမင်းသီးသွားပြီး သူ့ရဲ့ရင်ဘတ်ကိုလက်သီးဆုပ်နဲ့ထုနေခဲ့တာကိုရော၊ ဂျောင်ဝန်းကတော့ စိတ်မဝင်စားဘဲ ဒီအတိုင်းကြည့်နေခဲ့တာကိုရော ဂျုံဆောင်းမှတ်မိနေသေးတယ်။
"Oh my God! သွားရမှာပေါ့။ အဲ့ဒါ ရှင်းမ်ဂျယ်ယွန်းနဲ့ ညီအစ်ကိုလိုခင်တဲ့တစ်ယောက်မလား"
ဂျုံဆောင်းရဲ့ ဂျာကင်အဖျားစကို ကြမ်းကြမ်းရမ်းရမ်းဆွဲလှုပ်ပြီး ဆောင်းဟွန်းကပြောခဲ့တယ်။
"အေးနော်။ မင်းသွားလို့ ငါတို့ကိုခေါ်မသွားရင် မင်းအိပ်နေတုန်း မင်းပိုက်ဆံတွေငါခိုးထားမှာ"
ဆောင်းဟွန်းအကြောင်းကို နောကျေနေပြီဖြစ်တဲ့ဂျုံဆောင်းကတော့ မျက်လုံးတွေပဲလည်ပြလိုက်တော့တယ်။ ဘာပဲဖြစ်ဖြစ် ဂျုံဆောင်းသွားမယ်ဆိုရင် သူတို့ကိုလည်း ခေါ်ရမှာပါပဲ။
YOU ARE READING
just let me adore you | heejay
Fanfiction"ကိုယ်တို့အတန်းထဲမှာ ကောင်လေးတစ်ယောက်ရှိတယ်ကွာ။ သူက အရမ်းကိုကြည့်ကောင်းပြီး smartကျပြီး ပျော်တတ်ပြီး ကြင်နာတတ်တယ်။ ပြီးတော့ လှလည်းလှတယ်" "အဲ့ကောင်လေးနဲ့ နမ်းရဖို့အတွက် ကိုယ်တော့ဘာမဆိုလုပ်မိမှာပဲ" 📌 Disclaimer : This story is not my own idea. I just...