မျောလွင့်ခြင်း အပိုင်းအစများ-uni-

18 1 0
                                    

"မောင့် ရဲ့ သူ"

🎶ပြန်မြင်ရောင်ဆဲပါ
ဟိုအရင်က ဒီနေရာလေးပါ...
ငါတို့နှုတ်ဆက်ခဲ့တဲ့ ကျောင်းဝန်းကြီးဟာ
အရင်လိုပါပဲကွာ...🎶

  အိမ်ရှေ့ကဖြတ်သွားတဲ့ ထီသည်ကားဆီမှသီချင်းသံဟာ ပြတင်းပေါက်နားအလုပ်ထိုင်လုပ်နေသော သူ့အကြားအာရုံကို လာရောက်ရိုက်ခတ်လေသည်။
  ဒီသီချင်းဟာလွှမ်းပိုင်ရဲ့ "တစ်ခါကတက္ကသိုလ်" ဆိုတဲ့သီချင်း။ထိုသီချင်းကြားကြားချင်းပဲ ယက္ကန်းအထည်ဒီဇိုင်းထဲစိတ်နှစ်ပြီး ဂရုတစိုက်ဆွဲနေတဲ့သူ့လက်တွေက တုံ့ခနဲ့ရပ်သွားလေသည်။
 
အချိန်ကား လွှမ်းပိုင်ရဲ့သီချင်းထဲကလိုပဲပေါ့ မြူနှင်းတွေဆိုင်းနေတဲ့အချိန် တမ်းတစရာကောင်းလား လွမ်းစရာကောင်းလားသူမသိ။ သူသိလည်းမသိချင်ပါဘူး!
သူအမုန်းဆုံးနဲ့ အကြိုက်ဆုံးကိုတစ်ပြိုင်နက်တည်းပေးနိုင်တဲ့ ဒီလိုမနက်ခင်းအချိန်တွေကိုသူသိပ်သဘောမတွေ့လှ။

အရင်တုန်းကသူဟာ ဆောင်းမနက်ခင်တွေဆိုသိပ်သဘောကျတတ်လို့ မနက်စောစောထလမ်းလျှောက်ဖြစ်တယ်။
ဘာမှမလုပ်ဖြစ်ရင်တောင်မှ အိပ်ယာထဲကနေဆောင်းမနက်ခင်းတွေကိုတစ်မေ့တမော ငေးကြည့်ဖြစ်တယ်။ ဒီအကျင့်ဟာသူငယ်ငယ်ကတည်းဖြစ်နေတဲ့အတွက်ကြောင့် အခုအသက်ရွယ်ထိအကျင့်ပါသွားဟန်တူပါရဲ့။ ဘယ်လိုမှဖျောက်ဖြတ်လို့ရတော့ဘူး။

သူမကြိုက်လှ အရင်တုန်းကလို ဆောင်းမနက်ခင်တွေကိုမကြိုက်လှ။
ဒီလိုအကျင့်ကြီးပါ‌ေနတာလဲမကြိုက်လှ။
ဒါပေမယ့်တစ်ခါတစ်လေမှာ အရူးတစ်ယောက်လိုကြိုက်နေပြန်ရော။

ကိုယ့်စိတ်ကို မပိုင်တော့သောအရူးတစ်ယောက်လို စိတ်သွားတိုင်းကိုယ်မပါဖြစ်နေတာ သူ့အတွက်အင်မတန်ကြာနေပါပြီ။
မထချင်တဲ့ဆောင်းမနက်ခင်းတွေမှာသူနိုးထတာကိုပြင်မရတဲ့အဆုံး ထိုနေ့တွေမှာသူဟာအလုပ်အရှုပ်ဆုံးနေပြီး မနက်ခင်းတွေကိုအရူးတစ်ယောက်လိုလစ်လျှူရှုပြစ်လိုက်တယ်။
  မေ့ပျောက်ချင်နေတဲ့သူ့အတွက် ဒီအချိန် ဘယ်ထီသည်ကားက ထိုသီချင်းကိုဖွင့်ပြီး သူရှိနေတဲ့နေရာကိုလာရသလဲလေ။ တိုက်ဆိုင်တာလား ဒါမှမဟုတ်တိုက်ဆိုင်မှုသေးသေးလေးကစလို့ စိတ်ရောကိုယ်ပါဆောက်တည်ရာမရတဲ့သူ့ကို ကံတရားဆိုတာကြီးက တမင်လှောင်ပြောင်ရယ်ချင်လို့ တမင်တကာဖန်တီးလေသလား။ သို့တည်းမဟုတ် သူ့စိတ်ရဲ့ခံနိုင်ရည်အား သူ့စိတ်ရဲ့တည်ငြိမ်ရင့်ကျက်မှု ပျက်သားနိုင်မှုကိုပဲ စမ်းသက်လေသလားလေ။
ဟင့်အင်...သူ့မှာခံနိုင်ရည်မရှိပါဘူး!!!
သူ့စိတ်တွေမတည်ငြိမ်နိုင်သေး မရင့်ကျက်နိုင်သေးဘူး။
 
ဘယ်အချိန်ဘယ်ကလမှသူ့စိတ်ဟာတည်ငြိမ်နိုင်မလဲ သူလည်းမသိပါဘူး။
မကြာခင်အသက်သုံးဆယ်တန်းရောက်တော့မယ့်သူတစ်ယောက်၊
ဝါသနာပါရာလမ်းကြောင်းမှာအောင်မြင်သင့်သလောက်အောင်မြင်အောင်ကြိုးစားရပ်တည်နေနိုင်တဲ့သူတစ်ယောက်၊
အရာရာမှာတည်ငြိမ်ရင့်ကျက်တဲ့သူ၊ မိသားစု၊ လူမူရေး၊ စီးပွားရေး အဘက်ဘက်ကပြည့်ဆုံနေတဲ့သူဟာ
လူတစ်ယောက်ကြောင့်
အဲလူကိုမမြင်ရတာတောင်မှ
အဲဒီလူရဲ့အသံကိုမကြားရတာတောင်မှ
ဘယ်ဆီဘယ်ဝယ်ရောက်နေပြီးဘယ်လိုနေထိုင်နေလဲမသိတဲ့သူ
အချိန်ကာလတစ်ခုသာပတ်သတ်ဘူးတဲ့သူစိမ်းတစ်ယောက်အတွက်ကြောင့်
  မတည်ငြိမ်နိုင်တော့။
မရင့်ကျက်နိုင်တော့။ မပျက်သားနိုင်တော့။ လူတွေရှေ့မှာ ဘယ်လောက်ဟန်ဆောင်မျက်နှာဖုံးတွေတပ်တပ် လူတွေမမြင်ကွယ်ရာ တခြားတစ်ဘက်ခြမ်းမှာတော့ သူ့ကမ္ဘာဟာအလဲလဲအပြိုပြိုပါပဲ။
အမှောင်ထုထဲရောက်နေတဲ့သူတစ်ယောက် ဘယ်လောက်ပဲပြေးပြေး ဒီနေရာပဲပြန်ရောက်နေသလိုမျိုး၊ နွံအိုင်ထဲနစ်နေတဲ့သူလို ဘယ်လောက်ပဲရုန်းရုန်း ရုန်းလေနစ်လေဖြစ်နေသလိုမျိုး သူ့ဟာအပျက်ပျက် အရွင်းရွင်း။မိသားစုနဲ့တကွ သူနေထိုင်ရာပါတ်ဝန်းကျင်လူ့အသိုင်းဝိုင်းတစ်ခုလုံးကို အမှန်တိုင်းချမပြရဲတဲ့ သူ့ရဲ့တစ်ခြားတစ်ဘက် သူ့ရဲ့စိတ် သူ့ရဲ့အရာရာအားလုံးကိုပိုင်ဆိုင်သူ သူလိုလိုလားလားအပိုင်ပေးလိုက်သူဟာ နာနာကြည်းကြည်းသိပ်မုန်းပစ်ချင်သော်လည်း ရူးလောက်အောင် အရာရာပုံအောချစ်ရတဲ့
         "သူ့ ရဲ့ သူ"...

     မြောက်ပြန်လေတစ်သုတ် အိမ်ပြတင်းပေါက်ကနေဖြတ်ပြီး သူထံပါးဝေ့ပျံသွားသောအချိန် သူ့ခန္တာကိုယ်ဟာစိမ့်ခနဲ့။  
မန္တလေးဆောင်းရဲ့ထုံးစံအတိုင်း အရိုးကွဲအောင်အေးသည့်ညအချိန်မဟုတ်တော့သည့်တိုင် အရှေ့ရက်ကသူရိန်နေမင်းခေါင်ပြူထွက်စမို့ မြူများမကွဲသေးသောကြောင့် ညကအအေးလက်ကျန်နှင့်ဆို အရိုးမကွဲရင်တောင် အရိုးအက်အောင်ထိတော့အေးလှသည်ဟု သူထင်သည်။
အနွေးအင်္ကျီရင်စေ့အပါးလေးကို ရင်ဘက်လုံအောင်တစ်ချက်ဆွဲစေ့ရင်းပဲ အအေးဓါတ်ကို အံတုပစ်လိုက်သည်။ လျစ်လျှူရှုလိုက်သည်စိုပိုမှန်မည်။
မည်သို့ပင်အရိုးအက်အောက်အောင်အေးနေပါစေ သူ့ရင်တွင်းစိတ်အပူမီးကိုတော့ဖြင့် ဆောင်းတွင်းမြောက်ပြန်လေမက အခုချိန်အရပ်ရှစ်မျက်နှာမှလေတိုက်လာလျှင်တောင်ငြိမ်းနိုင်မည်မထင်။
မန္တလေးဆောင်းကြောင့်လည်း မအေးနိုင်ရှိလှသည်။ ဒါကသူ့စိတ်ရဲ့ အပူမီးပဲဟာ သူ့စိတ်ပင်မယ့် သူမပိုင်သောသူ့စိတ်ရဲ့အပူမီးကို သူကိုယ်တိုင်လည်းမငြိမ်းနိုင်ပါ။ မည်သူမျှလည်းမငြိမ်းပေးနိုင်ပါ။ မငြိမ်းပေးနိုင်ကြပါဘူးလေ။ ဒါကိုသူကိုယ်တိုင်တောင်လက်မခံချင်ပေမယ့် လက်ခံထားရသည်။

သူ့စိတ်ဟာ လွန်ခဲ့သော ၆နှစ်ကျော်ကတည်းက သူမပိုင်တော့။
သူ့ထိမ်းချုပ်မှုအောက်တွင်မရှိလေတော့။
  သူ့ရဲ့တစ်ယောက်သောသူနောက်ကို နောင်တမရှိ တွန်ဆုတ်ခြင်းအလျှင်းမရှိပါပဲ ကောက်ကောက်ပါအောင်လိုက်သွားခြေပြီတကား.....
"သူ့ ရဲ့ သူ" နောက်ကို...

"သူ့ ရဲ့ မောင်" နောက်ကို...

    ငါတို့နှစ်ယောက်ဟာ တွေဆုံကြုံကွဲ သံသရာတစ်ပါတ်မှာ တွေကြ ဆုံကြ ကြုံခဲ့ကြတယ်။ နောက်တော့ကွဲကွာခဲ့ကြတယ်။
  စိတ္တဇနာမ် ချစ်ခြင်းမုန်းခြင်းကြားမှာလည်း နောင်တရခြင်းအလျှင်းမရှိလက်ပစ်ကူးခဲ့ကြတာပါပဲ။

#Hooney🌻
27.8.2022

You've reached the end of published parts.

⏰ Last updated: Aug 11 ⏰

Add this story to your Library to get notified about new parts!

မောင့် ရဲ့ သူWhere stories live. Discover now