Sep-30
ညနေခင်းမှဆူဘင်းတက်ကြွနေလေရဲ့
ခဏနေမန်နေဂျာအခန်းထဲသွားပြီးလစာထုတ်မယ်
ပြီးရင်အိမ်ပြန်ပြီးအေးဆေးနားမယ်
လစာထုတ်ရက်ဆိုတော့ စားချင်တာလေးဝယ်စားဦးမယ်
မန်နေဂျာကြီးအခန်းထဲဝင်ဖို့တံခါးလက်ကိုင်ကိုလက်နဲ့ထိမိချိန်မှာဖုန်းဝင်လာတယ်
မေမေ့ဆီကမို့ချက်ချင်းကိုင်လိုက်မိသည်
ဖုန်းပြောပြီးနောက်ဆူဘင်းတစ်ယောက်တံခါးရှေ့မှာခြေပစ်လက်ပစ်ထိုင်ချမိသည်
မေမေ့ဆီကဖုန်းလာတာဆိုပေမယ့်ဆက်တဲ့လူကမေမေမဟုတ်ပဲမေမေ့ဘေးအိမ်ကမေမေ့ရဲ့သူငယ်ချင်းဖြစ်နေခဲ့သည်
မေမေဆုံးပြီတဲ့
____________________11:55pm
ဆူဘင်းမွေးရပ်မြေကိုအမြန်ပြန်ဖို့ပြင်ဆင်နေရသည်ပြင်စရာတွေပြီးသွားတော့
ည12နာရီထိုးပြီ
အိပ်လည်းမအိပ်ချင်သေးတာမို့အိမ်နားကစတိုးဆိုင်ကိုထွက်လာခဲ့သည်
ဘီယာတစ်ဘူးဝယ်ပြီးစတိုးဆိုင်ထဲကခုံတန်းမှာပဲထိုင်သောက်နေမိသည်
ဘေးနားကိုလူတစ်ယောက်လာထိုင်တာသိသော်လည်းလှည့်မကြည့်မိ
သူလှည့်မကြည့်ခဲ့ပေမယ့်ဘေးကလူကတော့တစ်ချိန်လုံးကြည့်နေခဲ့ပါသည်
______________________
ဆူဘင်းစတိုးဆိုင်ထဲကထွက်လာတော့အနောက်မှာလူပါလာတာကိုသတိထားမိသည်
စတိုးဆိုင်ဘေးလမ်းကြားရှေ့ရောက်တော့လက်ကိုဆွဲလှည့်ခံလိုက်ရသည်
ထို့နောက်လမ်းကြားထဲကိုခေါ်သွားတဲ့ထိုလူလိုက်သွားမိသည်
နည်းနည်းလေးမှမရုံးမိဘဲ...သတ်သွားလည်းအေးတာပဲသူအခုတစ်ကောင်ကြွက်ဖြစ်သွားပြီ
ဒါပေမယ့်မသေချင်သေးဘူး
မေမေ့ဈာပနကိုသူဦးဆောင်ပြီး
တာဝန်ကျေချင်သေးတယ်လမ်းကြားအလယ်လောက်မှာရပ်တန့်သွားတဲ့ထိုလူ
သတ်တော့မှာလား
ဓားပြတိုက်မှာလားဓားပြတိုက်ရင်တော့ဆူဘင်းမှာတန်ဖိုးကြီးတာဖုန်းပဲပါလာသည်
လိုချင်ရင်ယူသွားပေါ့
YOU ARE READING
we fell in luv in October
Random"ကျွန်တော်တစ်ကယ်ဆေးလိပ်မသောက်တတ်ဘူး" "ကိုယ်သင်ပေးမယ်" __________ "ကိုယ်မင်းကိုသေဘာကျတယ်စိတ်ဝင်စားတယ်" "ကျွန်တော်ခင်ဗျားကိုစိတ်မဝင်စားဘူး" သဘောမကျဘူးလို့တော့မပြောမိဘူး __________