Unicode
သူမရဲ့နာမည်လေးက "သက်နှင်းဝေ" တဲ့....။ ကျွန်တော်သိပ်ချစ်ရတဲ့မိန်းကလေးပေါ့။ ကျွန်တော့်ဘဝရဲ့ပထမဆုံး ချစ်မိတဲ့မိန်းကလေးဆိုလည်းမမှားဘူး။ ကျွန်တော်က သူ့ကို "သက်ငယ်"ဆိုပြီး ချစ်စနိုးနဲ့ခေါ်တယ်။ သူက အငယ်ဆုံးသမီးလေးဗျ။ အစ်ကိုတွေပဲရှိတော့ တအားအလိုလိုက်ခံထားရတဲ့ ကောင်မလေးပေါ့ဗျာ။ ကျွန်တော်နဲ့သူ တွေ့ပုံက ဒီလို။ သက်ငယ်က ငယ်ငယ်လေးတည်းက တအားချူချာတဲ့ ကလေးမလေးလေ။ ကျွန်တော်လည်း အဲ့တုန်းက နေမကောင်းဖြစ်နေတော့ သူငယ်ချင်းဆရာဝန်ဆေးခန်းကို လာပြတုန်း သက်ငယ်နဲ့စတွေ့တာပဲ။ သက်ငယ်နဲ့စတွေ့တုန်းက သက်ငယ်က ဆယ်တန်းကျောင်းသူလေ။ ဆယ်တန်းဖြေခါနီး သွေးပေါင်ကျလို့ ဆေးခန်းလာပြတာပေါ့။ သက်ငယ်ရဲ့ဖြူဖျော့ဖျော့မျက်နှာလေးနဲ့ ပန်းဆီရောင်ထနေတဲ့ နှုတ်ခမ်းပါးလေးကို ကျွန်တော်အမြတ်တနိုးစိုက်ကြည့်နေမိတယ်။ ကျွန်တော့်ကို သက်ငယ်က မခို့တရို့လေး မျက်လုံးထောင့်ကနေ ကြည့်လိုက်တော့ ရင်တောင်ခုန်သွားမိတယ်။ သူရှက်သွားတယ်ထင်တယ်။ ခုနကထက် ခေါင်းလေးပိုငုံ့သွားတယ်။ လူနာကြည့်တဲ့အခန်းထဲက ကျွန်တော့်သူငယ်ချင်းထွက်လာပြီး
"ညီမလေးနှင်းသက်ဝေ ဝင်ခဲ့လေ"
ကျွန်တော် မျက်မှောင်ကြုတ်လိုက်မိတယ်။ သင်းက ညီမလေးဆိုပါလား။ သင်းနဲ့ရင်းနှီးနေတယ်ပေါ့။ ငါ့တောင်မပြောပါလားဟ။ သူနာပြုမလေးအစား သူကိုယ်တိုင်ထွက်ခေါ်လို့ပါလား။ ခဏကြာတော့ သက်ငယ်ပြန်ထွက်လာတယ်။
"ကိုခန့်မင်းနိုင် ဝင်လို့ရပါပြီရှင့်"
"ဟျောင့် ငထွန်း! မင်းခုနကကောင်မလေးနဲ့ ရင်းနှီးတာလား?"
"ဟမ်?"
ကျွန်တော့်သူငယ်ချင်း သူရိန်ထွန်းတယောက် မျက်လုံးပြူးမျက်ဆံပြူးတွေ ဖြစ်ကုန်လေရဲ့။ ကျွန်တော့်ပါးစပ်က မိန်းကလေးတစ်ယောက်အကြောင်းထွက်တာ ပထမဦးဆုံးကို။"ကျားသားမိုးကြိုး မကြားစဖူး ဘုန်းကြီးလိုကောင်ပါးစပ်က ကောင်မလေးအကြောင်း ထွက်လို့ပါလား?"
"လေကြောမရှည်နဲ့ကွာ မေးတာဖြေစမ်းပါ!!"
"မင်း ငါ့ဆီလာတာ ဆေးခန်းပြဖို့လား ဖွန်ကြောင်ဖို့လား?"
YOU ARE READING
ချူချာသောအချစ်နှင့်ထိတွေ့ရာဝယ်(Short Story)
Short Storyပထမဆုံးစတင်တဲ့ short story လေးပါ။ ဖတ်ရတာအဆင်မပြေရင်လည်း နားလည်ပေးကြပါနော်။ နောက်ပိုင်းficလေးတွေ ဆက်တင်မှာမို့ အားပေးကြပါဦးနော်။