"Kang taehyun.. မင်းရဲ့ ရည်မှန်းချက်ကဘာလဲ?"
နှာတံရှည်စဥ်းစဥ်းပေါ်တင်နေတဲ့ မျက်မှန်ကို နေရာကျအောင် လက်ညိုးလေးနဲ့ ပင့်တင်လိုက်တယ်။ ချောမွတ်တဲ့ ရူပကာဟာ နာမည်ကြီးအနုပညာရှင်တောင် အရှုံးပေးနိုင်ချေရှိတယ်။ တဖြူးဖြူးတိုက်နေတဲ့လေမှာ ခြောက်သွေ့နေရတဲ့ နူးစပ်စပ် နှုတ်ခမ်းကို လျှာနဲ့တစ်ချက်သပ်ကာ စိုစွတ်စေတယ်။ သူဟာ အလေးအနက်စဥ်းစားဟန်နဲ့ တောက်လက်လက် မျက်လုံးတွေကို မှေးစင်းရင်း..
"ဘာတွေလာမေးနေတာလဲ? အချိန်ပုပ်တယ်!! သွားစမ်း!"
Kang taehyun ရဲ့မမျှော်လင့်ထားတဲ့ အဖြေကြောင့် မေးလိုက်မိတဲ့ ကျောင်းသားတောင် ရှိူးတန့်ရှန့်တန့်ဖြစ်လာတော့တာပဲ။ မမျှော်လင့်ထားတဲ့ အဖြေဆိုတာထက် အဲ့ kang taehyun ဆိုတဲ့ ကလေးရဲ့ ပြတ်သားနေတဲ့အကြည့်မှာ စီးဆင်းနေတဲ့ ဘဝင်မြင့်နေတာလေးရယ်၊ သူ့ရှေ့မှာ ရှိနေတဲ့လူကို သိမ်ငယ်သွားစေတဲ့ ကြီးကျယ်ခမ်းနားတဲ့ အရောင်အဝါမှာ ကျောင်းသားလေး တပ်ဆုတ်ခဲ့ရတယ်။
ဒါပေမဲ့ လက်လျှော့မယ်ထင်သလား?? အဲ့လိုထင်ရင် လုံးဝမှားမယ်။ သိပ်ကိုကြိုးစားပြီး အတန်းထဲမှာ တထောင်ထောင် ဖြစ်နေတဲ့ kang taehyun ရဲ့အကြောင်းတွေထဲမှာ သေချာပေါက် သိချင်နေခဲ့တာရှိတယ်။
ကျောင်းသားလေး လက်မလျော့ဘဲ ဆက်မေးလာတဲ့ မေးခွန်းကို taehyun ငြီးငွေ့မိလာတယ်။ သူတွေးမိတာပေါ့။ ဒီကောင် ဘာကိစ္စ ဒီအကြောင်းသိပ်သိချင်နေရသလဲ?။ သူ့အတွက် အကျိုးထူးသွားမယ်တဲ့လား?။ သူ့အပူကော ပါလို့လား?? ဟမ်?!
အတွေးနဲ့အတူ ဆူပွက်လာတဲ့ ဒေါသက ရှေ့ကကောင်လေး လက်တင်ထားတဲ့ စားပွဲပေါ်ကို လက်ဖဝါးနဲ့ အားပြင်းပြင်း ရိုက်ချပစ်လိုက်တာပဲ။
"မင်းမှာ အချိန်တွေ အဲ့လောက်ပေါသီနေရင် အဝီစိကိုထိုးဆင်းနေတဲ့ မင်းရဲ့အဆင့်တွေကို တက်လာအောင်လုပ်စမ်းပါ! ခုသွားတော့!"
သူ့ရဲ့စကားတွေမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့ ကျောင်းသားကို မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။ ဒီကောင် တော်တော်နဲ့ ထမလာနိုင်တော့ဘူးဆိုတာ သိနေတော့ သူကပဲ ထွက်သွားဖို့ပြင်လိုက်ရတယ်။ ရှူးရှူးရှဲရှဲနဲ့ စားပွဲပေါ်က စီစီရီရီထား ထားတဲ့ စာအုပ်တွေကို သိမ်းကျုံးပြီး အခန်းအပြင်ဘက်ကို ဦးတည်လာတယ်။
YOU ARE READING
ထီလက်မှတ် ||TAEGYU
Fanfictionအရမ်းကိုမွဲတေနေပြီ။ တွင်းဆုံးကျနေပြီ။ သည်လို အချိန်မှာ ကံကို ယုံတယ်ပဲဆိုဆို။ ရူးတယ်ပဲ ဆိုဆို။ ကံက လှည့်စားရင်လည်း ခံပစ်လိုက်တော့မယ်။ သို့ပေမယ့်.. တစ်ခါတလေ ရူးရူးမိုက်မိုက် အပြုသဘောဆောင်တာဟာ ဘဝထဲကို မှော်ဆန်တာတွေ ဆောင်ယူနိုင်တယ် ဆိုယုံမလား?။ မယုံရင်...