Zawgyi :
ဟွာလန်းမှ ထွက်ခွာသွားပြီး လမ်းခုလတ်ကနေ လွမ်းလို့ပါဆိုကာ နောက်တစ်ခေါက်ပြန်လာ၍ နှုတ်ဆက်အနမ်းပေးကာ ပြန်သွားသည့် ပရီယာသည် လီယန်းကို ကောင်းစွာပြန်ရောက်ကြောင်း အကြောင်းကြားပြီးနောက်ကတည်းက စာတစ်စောင်တောင်ရောက်မလာခဲ့သည်မှာ တစ်ပတ်တိတိရှိနေပြီဖြစ်သည်။
ပရီယာ အနားမှာမရှိတဲ့ရက်မှာ ပရီယာနဲ့အတူရှိနေခဲ့တဲ့ ကြာကန်အလယ်ကအဆောင်မှာထိုင်နေရင်း ပရီယာ့ ပုံရိပ်တွေမြင်ယောင်မိနေရင်းနဲ့ တစ်စတစ်စတိုးပွားလာတဲ့ အလွမ်းတွေရဲ့ နှိပ်စက်မှုဒဏ်ကို ရိုစ့်အန်းခံစားရ၏။
တစ်ခါတစ်ခါ ပရီယာကို လွမ်းဆွတ်နေရင်း ကျောကဒဏ်ရာတွေ မပျောက်ခင် ပြန်လာခဲ့မယ်ဆိုသည့် ပရီယာရဲ့ ရိသဲ့သဲ့ စကားသံလေးကို ပြန်ကြားယောင်မိတော့ ရှက်ပြုံး ပြုံးမိရပြန်သည်။
တစ်ပတ်ဆိုသည့်အချိန်က ဒဏ်ရာတွေ ကျက်လုလုပင်ရှိနိုင်သည့်အချိန်ပင်ဖြစ်သော်လဲ အခုချိန်ထိ မမြင်ရသေးတဲ့ပရီယာလေး လီယန်းမှာ အခက်အခဲအများကြီးကိုရင်ဆိုင်နေရ၍လားဟု တွေး၍လဲ စိတ်ပူမိရပြန်သေးသည်။
" ဘုရင်မ "
ကြာကန်အလယ်က အဆောင်တော်ဆီ လျှောက်လမ်းထိပ်ကနေ အော်၍ပြေးလာသည့် အထိန်းတော်အသံကြောင့် ရိုစ့်အန်းလှမ်းကြည့်လိုက်မိသည်။
" ဘာများလဲ အထိန်းတော်ကြီး "
" အရှင်မ လီယန်းက စာလာပါတယ်
မင်းသမီး လီဆာ ပရန်ပရီယာ ဆီက စာလာပါတယ် "အထိန်းတော်၏ စကားကြောင့် အတိုင်းမသိသော ၀မ်းသာခြင်းတွေ ရင်ထဲမှာနေရာယူလာသလို အထိန်းတော်လက်ထဲကစာကို အမြန်ကလေးယူ၍ ဖွင့်ဖောက်ကာ ဖတ်ကြည့်မိသည်။
စာကိုမဖတ်ခင် စာရေးထားသည့် ပရီယာ့ လက်ရေးကလေးများကို တွေ့တော့ ပျော်ရွှင်ခြင်း ကြည်နူးခြင်း ၀မ်းမြောက်ခြင်းများနဲ့ နှလုံးသားက စိတ်လှုပ်ရှားလာရသည်။
မင်းသမီးရဲ့စာကို စိတ်လှုပ်ရှားစွာ ဖွင့်ဖောက်ဖတ်နေသည့် ဘုရင်မကို အထိန်းတော်ကြီး သတိထားကြည့်နေမိပြီး ရုတ်တရပ် စာလွှာကို ပိတ်ကာ ငြိမ်သက်သွားသည့် ဘုရင်မရဲအမူအရာကြောင့် အထိန်းတော်ကြီး စိုးရိမ်နေမိသည်။
VOCÊ ESTÁ LENDO
Kryptonite(You will never be my 'kryptonite' )
RomanceUnicoe : မင်းက ငါရဲ့အားနည်းချက် ဘယ်တော့မှမဖြစ်စေရဘူး .. Zawgyi : မင်းက ငါ့ရဲ့အားနည်းချက် ဘယ်တော့မှမဖြစ်စေရဘူး ..