"ဟေးးးးဟိုမှာP'Buiမလား"
"အေးဟယ် ချောလိုက်တာနော်"
"ဟုတ်ပဟယ် သူသာငါ့ကောင်လေးဆိုဘယ်လောက်ကောင်းလိုက်မလဲ အဟိ"
"ဆုတောင်းလေ...P'Buiကနင့်ကိုကြိုက်ပါလိမ့်မယ်အားကြီးကြီး...သူကရုပ်လေးကချောပီး အပြုံးလေးကချိုသလောက် သူ့ကိုလာကပ်တဲ့ကောင်မလေးတွေတိုင်းကို အေးအေးဆေးဆေးနဲ့ငြင်းလွှတ်တာတဲ့"
"အဲ့တာတော့ဟုတ်တယ်နော်...ပြုံးပြုံးလေးနဲ့ငြင်းလွှတ်တာဆိုတော့ မာနကြီးတယ်လို့လဲပြောမရပြန်ဘူး...မသိဘူးဟာ ငါကတော့သူ့အပြုံးတွေကိုတော်တော်ကြွေနေပီ"
Bibleကျောင်းကန်တင်းမှာမုန့်စားရင်းနဲ့စာကြည့်နေတုန်း ဘေးဝိုင်းက ကောင်မလေးတွေရဲ့တွတ်ထိုးနေသံကြောင့်စိတ်ရှုပ်သွားလေသည်။
"ကျစ်...ဒီဟာမလေးတွေနဲ့တော့ ငါစာကြည့်နေတာကိုဆူညံနေတာဘဲ"
Bibleဆိုတာမုန့်စားရင်းနဲ့တောင်စာကြည့်သူပါ။အချိန်ကရွှေလိုတန်ဖိုးရှိတယ်ဆိုပီး အချိန်ကိုတန်ဖိုးထားပီးစာကြိုးစားတတ်သူပေါ့။ဒါကြောင့်လဲ သူ့ကိုသူများတွေက စာဂျပိုးလို့ခေါ်ကြတာထင်ပါရဲ့။
"ဟာ...ဟိုမြာSecond yearက Simမလား...သူကလဲP'Buiကိုကြိတ်ခိုက်နေတာလေ.. ဟော..သူP'Buiတို့ဝိုင်းကိုသွားနေတာဟ"
"ဟုတ်တယ်ဟ...P'BuiကSimကိုတော့ငြင်းပါ့မလား...Simကအရမ်းလှတာကို"
"ငြင်းကိုငြင်းလွှတ်လိမ့်မယ် မယုံရင်စောင့်ကြည့်နေ"
"တယ်သေချာနေပါလား"
"ကြည့်လိုက်လေဟာ"
Bibleလဲကောင်မလေးတွေရဲ့ပြောစကားကြောင့် Buiဆိုသူကိုစိတ်ဝင်စားသွားကာ တစ်ချက်လှမ်းကြည့်လိုက်တော့ သူနဲ့မလှမ်းမကမ်းကဝိုင်းမှာ သူ့ရဲ့အပြုံးလှလှပိုင်ရှင်လေးနဲ့သူ့သူငယ်ချင်းသုံးယောက်ထိုင်နေတာကိုတွေ့လိုက်ရလေသည်။ထိုဝိုင်းသို့မိန်းမလှလေးတစ်ဦးက သွားနေတာကိုလဲသူမြင်လိုက်ရလေတော့သည်။
"ဟင်....ငါ့အပြုံးလေးပါလား....ဒါနဲ့Buiဆိုတာ သူတို့ထဲကဘယ်သူပါ့လိမ့် ဘုရားရေ...ငါ့Crushလေးတော့မဟုတ်ပါစေနဲ့....ဟုတ်ခဲ့ရင်ရော သူဒီမိန်းမလှလေးကိုငြင်းနိုင်ပါ့မလား"
YOU ARE READING
🍀Crush🍀
Fanfictionမြင်မြင်ချင်းအချစ်ဆိုတာကိုခင်ဗျားတို့ယုံလားမသိပေမယ့် ကျွန်တော်ကတော့ယုံတယ်ဗျ။ #BibleBui