အပိုင်း ၃၆

4.2K 546 1
                                    

Unicode

  
ယုံးဝူမင့်က အနည်းငယ်ဩရှသည့် အသံတုကို သုံးကာ ပြောလေသည်။

"ဖူးရန်ကို ငါပြန်ခေါ်လာပြီးပြီမို့ သူ့ကို အရင်ပြန်ပို့လိုက်ဦးမယ်"
  
"ဟုတ်ကဲ့!"
  
ယုံးဝူမင့်က ထပ်မံ၍ အေးစက်စက်နိုင်စွာ အမိန့်ပေးလိုက်ပြန်၏။

"သွား! စန်းပြည်နယ်က အဲ့လူအကုန်လုံးကို သတ်ပစ်လိုက်!"
  
"ဟုတ်ကဲ့!"
  
စစ်သည်တော်တွေက တစ်ညီတညွတ်တည်း သံပြိုင်ကြွေးကြော်ကာ တိမ်လွှာသားရဲတွေပေါ်တက်၍ ရှေ့သို့ ချီတက်သွားကြတော့သည်။
  
ဒုန်းစိုင်းသွားသော ခွာသံထောင်ပေါင်းများစွာက လေနှင့်မိုးကြိုးကဲ့သို့ သူတို့ဘေးကနေ ဖြတ်ပြေးသွားပြီး ဖုန်မှုန့်တွေသာ ကျန်ရှိခဲ့တော့သည်။
  
စန်းယွမ်ယွမ်ကတော့ မလှုပ်မယှက် ရှိနေဆဲပင်။
  
"ဟာ့"

ယုံးဝူမင့်က ကိုယ်ကိုင်းကာ သူမမေးစေ့ကို ပင့်မ,လိုက်ရင်း အံ့အားသင့်ဟန်ဖြင့် မေးလေသည်။

"မင်းဘာလို့ ငိုတာတွေ၊ပြဿနာရှာ ပေါက်ကွဲတာတွေ မလုပ်တာလဲ။ ကိုယ်တောင် ခုလေးတင်တွေးနေတာ။ မင်းသာ ငိုတာ၊ အော်တာတွေလုပ်ခဲ့ရင် မင်းပါးစပ်ကို အပ်နဲ့ချုပ်ပစ်မယ်လို့"
  
သူ့မျက်လုံးထဲက အမူအရာက အနည်းငယ် စိတ်ပျက်နေဟန် အထင်းသား။
  
စန်းယွမ်ယွမ် : "......"

တကယ့်အရူးဟ။
  
သူမက နူးနူးညံ့ညံ့ ပြန်ဖြေလိုက်၏။

"ယုံးဘုရင်က ပြောတဲ့စကားအတိုင်း လုပ်တတ်တယ်မလား။ လူတွေကို ကယ်ပေးပါမယ်လို့ ကတိပေးထားမှတော့ သေချာပေါက် ဖြစ်မြောက်အောင် လုပ်ပေးမှာပဲလေ။ဒါဆို ငိုနေစရာမှ မလိုဘဲ"
  
သူက မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်ရင်း ရယ်သံစွက်လျက် ဆိုလေသည်။

"အိုး...ဒါဆို ကိုယ် ကျန်းယန့်ကျီးကိုသတ်ပြီး ထန်းတုကို အောင်နိုင်ချင်တယ်လို့ ခဏ ခဏပြောဖူးတယ်။ အဲ့ဒါကိုရော ကိုယ်ဖြစ်မြောက်အောင်လုပ်နိုင်မယ်လို့.....မင်းထင်လား"
  
ကျန်းယန့်ကျီး....ထိုနာမည်က ယွင်နိုင်ငံမှာ ပျောက်ကွယ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာလှချေပြီ။
  
အကြောင်းမူ ယခုချိန်မှာ လူတွေက ထို ထူးခြားသောမိန်းမကို ခေါ်ဆိုရာ၌ "ဧကရာဇ်"ဟုသာ ခေါ်နေကြသောကြောင့်ပင်။
  
စန်းယွမ်ယွမ်က ထိုသူ၏ နက်မှောင်ကာ နက်နဲလှသော မျက်လုံးတွေကိုကြည့်ကာ လေးလေးနက်နက်ပင် ဖြေပေးလိုက်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now