အပိုင်း ၃၇

4.3K 612 11
                                    

Unicode

  
ဆန့်ကျင်ဘက်အနေဖြင့် တင်းတင်းကြပ်ကြပ်စောင့်ကြည့်ခံသင့်သော ယုံးဝူမင့်ကိုဖြင့် ဘယ်သူကမှ သွားမစောင့်ကြည့်ရဲခဲ့ကြချေ။
  
သူမက ရေရွတ်လိုက်၏။

"တိမ်လွှာသားရဲတွေရဲ့ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲစေမဲ့အရာတွေကို ထည့်လိုက်ပြီးမှ အဝေးကနေဖောက်ခွဲပစ်ဖို့အတွက် ဆင့်ခေါ်ကျောက်စိမ်းပုတီးစေ့တွေကြားက စိတ်ဝိညာဥ်စွမ်းအားကို အသုံးပြုလိုက်တာကိုး"
  
ထိုအကြံမျိုးက တော်တော်ကြီးကို အဆင်မြင့်လွန်းသည်ဟုပင် ဆိုရပေမည်။
  
သူက သူမဆံပင်တွေကို ဖြစ်တက်ကဆန်း ဆွဲဖွလိုက်ရင်း

"တကယ်ဥာဏ်ကောင်းတယ်နော် ကိုယ့်ရဲ့ပိုးစာပင်လေးက"
  
စန်းယွမ်ယွမ်၏ သူငယ်အိမ်တို့က ကြုံ့သွား၏။
  
လင်ကူးက ထိုငယ်နာမည်ကို တစ်ခါက ပြောပြဖူးသည်။ ပြောပြဖူးသည့်အချိန်တုန်းက အနားမှာရှိသည့် လူတွေဟူ၍ စန်းဘုရင် သူမကိုကာကွယ်ဖို့ စေလွှတ်ထားသည့်လူတွေသာ ရှိပေသည်။
  
ဆိုလျှင်ဖြင့် ထိုလူတွေထဲမှာ ယုံးဝူမင့်၏ လူတွေ ပါနေသည်ပဲ။
  
ယုံးဝူမင့်၏ လူတွေတောင် ပါနေမှတော့ ဟန်ရှောင်လင်၏ လူတွေပါဖို့ကလည်း ဖြစ်နိုင်သလောက်နီးပါးပင်။ ထို့ကြောင့်သာ သူမနည်းလမ်းတွေက သည်နှယ် ဖော်ထုတ်ခံရခြင်း ဖြစ်တော့သည်။
  
ဒါက သူမကိုယ်သူမ အပြစ်တင်လို့လည်းမရပေ။ စန်းပြည်နယ်က သူမ အစ်ကိုတော်နှင့်ခမည်းတော်ပို့လိုက်သည့် လူတွေကို စစ်ကြည့်ဖို့ တွေးမှမတွေးခဲ့မိသည်ကိုး။ သူမ သူတို့တွေကို လုံးဝဥသုံယုံကြည်ပေးဖို့သာ တတ်နိုင်ခဲ့သည်လေ။
  
ကြည့်ရတာ ယွင်နိုင်ငံတော်ရှိ ၁၈ပြည်နယ်က ရေတွေက သူမထင်ထားတာထက်တောင် နက်ရှိုင်းနေပုံရလေသည်။(ကိစ္စတွေက ရှုပ်ထွေးနေတယ်လို့ဆိုလိုတာပါ)
  
ရုတ်တရက်ဆိုသလိုလည်း ဟန်ရှောင်လင်က သူမနန်းတော်ကနေ ထွက်လာသည့်နေ့ကတည်းက တစ်ခါမှ မဆက်သွယ်ခဲ့သည့်အကြောင်းကို သူမသဘောပေါက်သွားတော့သည်။ သူမအနားမှာ သူ၏သူလျိုရှိနေသည်ကိုး။
  
"ရှင့်လူက ဘယ်သူလဲ ပြောလို့ရမလား"

သူမက ခေါင်းကိုငဲ့စောင်းရင်း ယုံးဝူမင့်ကိုကြည့်လိုက်သည်။
  
မဲနက်ကာ နက်နဲလှသော သူ့မျက်ဝန်းတစ်စုံအတွင်း၌ မီးတောက်တို့က ရောင်ပြန်ဟပ်နေသည်။ယင်းက ရွှေဝါရောင်သူငယ်အိမ်များအသွင် ဖြစ်သွားစေကာ တမူထူးခြားသောအလှလေးအလား။
  
"စန်းသုံးဆယ့်ကိုး"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now