👑 မောင့်အရှင်
#အပိုင်း (၁)
" 🎵 သားကြီးရေ မင်းဘဝမှာ ပျော်အောင်နေ..
ဘဝမှန်ရင် အတက်အကျတော့ ရှိစမြဲဘဲလေ..
အားမငယ်နဲ့ မင်းနားမှာ ငါတို့ရှိတယ်..
ကောင်းအတူတူ ဆိုးအတူတူပေါ့ သူငယ်ချင်းတွေ..
သားကြီးရေ စိတ်ပျက်ကာ ငိုင်မနေပါနဲ့..
နက်ဖြန်တွေ အားလုံးအတွက် အမြဲရှိတယ် ..
တူမျှဝေမယ် အခိုက်အတန့်ကိုလည်း..
သားကြီးတို့အေးဆေး..
ကြုံလာခက်ခဲများ ဖေးလို့ကူ..
ရှေ့ဆက်လိုက်ကြမယ် သားကြီးတို့ အေးဆေး..
ရင်ဘက်ချင်း အမြဲနီးစပ်မယ် ...
ဘာမှ မပူပါနဲ့ သားကြီးတို့အေးဆေး..
ဘယ်ချိန်ဆို အမြဲတမ်း အသင့်ရှိမယ် ..
မင်းရဲ့နောက်ကနေ အားပေး ငါတို့တွေ..
ရင်ဘက်ချင်း အမြဲနီးစပ်မယ် ...
ဘာမှ မပူပါနဲ့ သားကြီးတို့အေးဆေး..🎵.."
"ဖြောင်း..ဖြောင်း..👏👏..ဝိုးးးး"
သီချင်းသံပြီးဆုံးသွားသည်နှင့် အနည်း
ငယ်သော လူများထံမှ လက်ခုပ်ဩဝါ
သံများ အဆက်မပြတ် ထွက်ပေါ်လာသည်..။သီချင်းသံထဲမှာ မျှောသွားသည့် အချိူ့ကလည်း
လက်ခုပ်သံကြားမှ သတိရသူများလည်းရှိသလို
တေးသံရှင်၏ အသံကောင်းမှုကို ချီးမွမ်းခန်း
ဖွင့်နေသူများလည်း ရှိကြသည်။"ဝိုးးးဟိုးးးဟိုးးး ရေလည်ကောင်းတယ်ကွာ အသံက ရှယ်မိုက်နေရော ... ယောကျာ်း
သံလည်းမဟုတ် မိန်းမသံလည်းမဟုတ်ဆို...အင့်.."စကားပင် မဆုံးနိုင်သွားရှာတဲ့ နှစ်ဆယ်ဝန်းကျင် ကောင်လေးတစ်ယောက် ဗိုက်ကို နှပ်ပြီး အမူအရာ ပျက်သွားသည်။
" သေပြီလားးး နောက် အဲဒါကိုဘဲ
လာလာ မထိနဲ့ ေ-ွးသူတောင်းစား))
ဘယ်မှာလဲ ကိတ်...သီချင်းဆိုပြီးသွားလို့
လား မသိဘူး ဗိုက်ဆာလိုက်တာ "
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...