𝖴𝗇𝗂𝖼𝗈𝖽𝖾
Bible~
"ဒီညလား..ရတာပေါ့ လာကြိုလိုက်မယ်"
[ငါဘဲလာခဲ့မယ်]
"အိုခေ..Dateဖို့တရက်ကျန်သေးတာ မေ့ချင်ယောင်ဆောင်နေတာတော့ မဟုတ်ပါဘူးနော်"
[မင်းခဏခဏ ပြောနေမှတော့ ငါမေ့စရာအကြောင်းမရှိဘူး]
"အဲ့အထက်လူကြီးတွေက ဘယ်တော့မှပြန်မှာလဲ"
[သူတို့ပြန်ချင်တဲ့အချိန်မှပြန်မှာပေါ့ဟ]
"သူတို့ကြောင့် dateဖို့ကို ရက်ရွေ့လိုက်ရတယ်လေ"
ငါတို့ တတိယမြောက်dateကို ဖြတ်သန်းမလို့လုပ်ထားပေမဲ့Buildက အလုပ်မအားတော့ဘူး။ ထိုင်းကုမ္ပဏီတခုနှင့်ဂျပန်ကုမ္ပဏီ စာချုပ်ချုပ်ဖို့အရေး စားပွဲတည်ခင်းဖို့ အတွက်Buildအလုပ်လုပ်တဲ့ ဆိုင်က်ို ရွေးလိုက်တာဘဲ။ဒါကြောင့် Buildက သူတို့ စားဖို့ ချက်ပြုတ်ပေးဖို့ တာဝန်ယူထားရတာ။ ဂျပန်က လူတွေလဲBuildရဲ့ လက်ရာကို သဘောတွေ့သွားပုံရတယ်။ သူတို့ ထိုင်းမှာရှိနေတဲ့ အတောအတွင်း အဲ့ဆိုင်မှာဘဲ စားပွဲလုပ်ခိုင်းတယ်။နှစ်ဦးနှစ်ဖက် စာချုပ် ချုပ်ပြီးတဲ့ အထိပေါ့။
အမှန်တိုင်းပြောရရင် ငါ့မှာလဲ အလုပ်တွေ အပုံလိုက်ဖြစ်နေတယ်။စာချုပ်ချုပ်မယ့်သူတွေက အစဉ်လိုက်ဘဲ။မအားတဲ့ကြားက မျက်နှာလေးတွေ့ဖို့တောင် မဖြစ်န်ိုင်ဘူး။ငါလဲ နိုင်ငံခြားသားတွေနဲ့ တွေ့ပြီးဆွေးနွေးရသလို Buildလဲ နိုင်ငံခြားသားတွေစားသောက်ရတာအဆင်ပြေအောင် ချက်ပြုတ်နေရတယ်လေ။
"အခုပုံစံက တကယ့်ချစ်သူတွေနဲ့တောင် တူလာပြီ အဝေးရောက် ချစ်သူကို အလွမ်းသယ်နေသလိုဘဲ၊အဲ့တော့ အဖြေဘယ်တော့ပြန်ပေးမှာလဲ"
[ပေးချင်တဲ့အချိန်မှ]
"ကြိုးရှည်ရှည်လှန်းထားဖို့လား အဲ့လိုမရဘူးနော်...အချိန်ဆွဲထားပြီးမှ ငြင်းရင် ဘယ်လိုလုပ်မလဲ"
[အဲ့လိုတော့ မလုပ်ပါဘူးကွာ]
"အဲ့ဒါဆို ကျွန်တော့်ကို သေချာစောင့်ကြည့်နေတဲ့ သဘောပေါ့"