Part 28

1K 132 25
                                    

Zawgyi :

တောင်ကုန်းလေးထိပ်ပေါ်က ကျောပြင်ဖြူဖြူကိုကြည့်ရင်း တောင်ကုန်းထိပ်ပေါ်ထိရောက်အောင် လီဆာ တတ်လာခဲ့သည်။

" ဆူရာ "

ဆူရာဟာ နောက်ကိုလှည့်ကြည့်မလာပါ။

" ရောက်ပါပြီလား လီလီ "

လီဆာကပဲ ဆူရာ့ဘေးကိုသွားရပ်ကာ ဆူရာမျက်နှာမူနေသည့် အရပ်ကို အတူကြည့်လိုက်သည်။

" ဆူရာ နေမကောင်းလို့လား စိတ်မပျော်စရာကိစ္စတစ်ခုခုများရှိလို့လား "

" မဟုတ်ပါဘူး လီလီ တို့နေကောင်းပါတယ် နောက်ပြီး တို့ပျော်နေပါတယ် "

လီဆာ့ကိုလှည့်ကြည့်ကာ ပြုံးပြရင်းပြော၏။

" လီလီနဲ့ ချယ်ယောင်းရဲ့ တော်ဝင်လက်ဆက်ပွဲကို လာဖိတ်တာလား လီလီ "

" မဟုတ်သေးပါဘူး ဒီတိုင်း ဆူရာကိုတွေ့ဖို့လာခဲ့တာပါ လီလီ ပျော်ရွှင်နေပါတယ်ဆိုတာ အရာအားလုံးအဆင်ပြေနေပါတယ်ဆိုတာ ပြောပြချင်လို့ ကျေးဇူးတင်ချင်လို့ပါ ဆူရာ "

" ကြားရတာ ၀မ်းသာမိပါတယ် လီလီ ရှေ့လျှောက် ချယ်ယောင်းရဲ့ရင်ခွင်ထဲမှာရှိနေမဲ့ လီလီရဲ့အနာဂါတ်ကို တို့စိတ်ချပါတယ် "

လီဆာလိုချင်ခဲ့သည်မှာ ထိုသို့အဖြေဖြစ်သည် အမြဲတမ်း လီဆာ့အတွက် အစ်မတစ်ယောက်လို ရှိနေပေးခဲ့ပြီး  လီဆာ့ ပျော်ရွှင်မှုအတွက် သူ့ပျော်ရွှင်မှုကိုတောင် ရှေ့တန်းမတင်ခဲ့ပဲ လီဆာ့ဘက်မှာပဲရပ်တည်ပေးခဲ့တဲ့ ဆူရာ့ရဲ့ စိတ်နှလုံးသားက အမြဲတမ်းအေးချမ်းနေခဲ့သည့်အတိုင်း ဆူရာကို လီဆာနဲ့ပတ်သတ်တဲ့ ပူပန်မှုတွေ တစ်ခုမှကျန်ရှိမနေစေချင်တာကြောင့် လီဆာပျော်ရွှင်နေကြောင်း အဆင်ပြေနေကြောင်း အသိပေးကာ စိတ်ချနေစေချင်ခဲ့ခြင်းဖြစ်သည်။

မျက်စိရှေ့က မြင်ကွင်းကိုအတူကြည့်ကာ အေးချမ်းစွာနဲ့ ပြုံးနေမိကြသည်။

" နေမ၀င်ခင် လီယန်းကိုပြန်ရမှာမို့ လီလီ့ကို ခွင့်ပြုပါဦး ဆူရာ "

" သတိထားပြီးပြန်ပါ လီလီ "

ရှေ့တည့်တည့်ကိုသာကြည့်ရင်း ပြောသည့် ဆူရာကို လီလီ အရိုအသေပေးကာ နောက်လှည့်ထွက်လာခဲ့သည်။

Kryptonite(You will never be my 'kryptonite' )Onde histórias criam vida. Descubra agora