(44.2) ရှိုးပွဲကောင်းကောင်းလေး တစ်ပွဲရှိတယ်

6.3K 1.1K 48
                                    

Zawgyi

ရှိုးပွဲကောင်းကောင်းလေးတစ်ခုရှိတယ်

ရှန်ချင်းရှု ဟန်ချောင်ကိုလက်နောက်ပြန်နဲ့ဆွဲခေါ်သွားကို အရှေ့ကိုအလျှင်အမြန်ပြေးသွားရင်းပြောလိုက်တယ်။

"ခင်ဗျားအလည်အပတ်ရောက်လာတာကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ကစားပွဲလေးတစ်ခုကို ဖရီးကြည့်ခွင့်ရအောင်ပြင်ဆင်ပေးထားတယ် .. အဓိကဇာတ်ကောင်က ခင်ဗျားရဲ့အဖိုးထိုက်တန်လွန်းတဲ့ အမိုက်စားကားလေးပဲ ၊ ဒါရိုက်တာက ခင်ဗျားရဲ့ချစ်မြတ်နိုးရတဲ့ အမိုက်စားပြိုင်ကားလေးဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာကတော့ ခင်ဗျားသဘောအကျဆုံးဖြစ်တဲ့ ဒီအပျံစားပြိုင်ကားလေးလေ"

ဟန်ချောင်:???

"ဒီလိုဂုဏ်ပုဒ်တွေကိုခွင့်ပြုချက်မရဘဲ မင်းဘာသာထည့်ဖို့ ဘယ်သူကခွင့်ပြုပေးခဲ့တာတုန်း"

"ဒါပေါ့ ခင်ဗျားရဲ့အပျံစားပြိုင်ကားလေးကခွင့်ပြုထားတာလေ"

ဟန်ချောင်:...

ရှန်ချင်းရှု သူ့ကိုဓာတ်လှေကားထဲသို့ဆွဲသွင်းလိုက်ပြီး စိုးရိမ်ပူပန်နေသလိုဟန်ဆောင်လိုက်တယ်။

" ကျွန်တော် ရှောင်ပိုင်လောင်ရှီးဆီကိုတောင် မသွားရဲတော့ဘူး တကယ်လို့ ကျွန်တော်သာသူ့ကိုခြောက်လှန့်မိသွားရင် သေရတော့မှာပဲ"

ဟန်ချောင်:.... စတောင်စနေပြီလားဟ? သူဇာတ်ကောင်ထဲကိုဝင်တာ အရမ်းတွေမမြန်လွန်းဘူးလား?

သူ့ရဲ့အပျံစားပြိုင်ကားလေးဖြစ်ဖို့ထိုက်တန်လွန်းတယ်!

ဆုလော် နှာမှုတ်ပြီးတွေးလိုက်တယ်။
ဒါဆိုလည်း သေလိုက်တော့လေ!

ပိုင်ရွှယ်ကော သူ့ရဲ့သမီးတော်လေး ရှောင်ချီနဲ့ခဏလောက်ဆော့ကစားနေစဉ်မှာ တံခါးခေါက်သံကြားလိုက်တာကြောင့် ရှန်ချင်းရှုရဲ့လက်ထောက်ဖြစ်သူ အနွေးအိမ်လေးလာပို့တာလို့ထင်လိုက်မိတယ်။ ဒါပေမယ့် သူတံခါးဆွဲဖွင့်လိုက်ချိန်မှာတော့ ဆန်းရွှမ်၊ ဆုလော်နှင့် ဆုလော်ရဲ့လက်ထောက်တို့ဦးဆောင်တဲ့အဖွဲ့လိုက်ကြီးက စောင့်ကြိုနေခဲ့လေတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now