"ဟွန်း....နင့်နာမည်က ဘယ်လိုကြီးလဲ.....''
''ခွန်းခမောင်လေ...အဲဒါ ဘာဖြစ်လို့လဲ''"လှလည်း မလှဘဲနဲ့''
" ဘာပြောတယ်.....''လက်ဖောင်းဖောင်းလေးကလက်တို အဖြူရောင်အင်းကျီ လေးနှင့်အသားလေးဝင်းနှစ်က အသက်ဆယ့်သုံးနှစ်အရွယ် ခွန်းခမောင် ဆိုသေားကောင်လေးရဲ့ မျက်တောင်ရှည်ရှည်လေးတွေ ဖျတ်ခနဲကော့စင်းပင့်တတ်သွားခဲ့သလို ပခုံးချင်ယှဉ်ကာ အတူထိုင်နေသည့် သပြေသီးမည့်ရောင် နှုတ်ခမ်းနီဆိုးထားသည့် သူနှင့်ရွယ်တူကောင်လေး၏မျက်နှာလေးကို အံ့သြထိတ်လန့်စွာ ခွန်းခမောင် လှည့်ကြည့်သည်.....
"ဟုတ်တယ်လေ...ငါပြောတာ ဘာဖြစ်လို့လဲ
နင့်နာမည်ကို မလှလို့မလှဘူးပြောတာ ဟာဟာ...ဘာတဲ့ ခွန်းခမောင်... နာမည်ကြားတာနဲ့တင် နင့်ကိုငါတအားမုန်းသွားပြီသိလားခွန်းခမောင်......ဟွန်းးးးးးး"နင်..နင်နော်....ငါ့အနားမှာထိုင်ရင် ကောင်းကောင်းထိုင်နော်......ငါနင်နဲ့လည်းစကားမပြောချင်ဘူး ငါ့ကိုမုန်းတယ်လို့ပြောရင် နင့်ကိုငါပိတ်ရိုက်မှာ......ဘာမှတ် ဟွန်း ''
"အောင်မယ်....နင်ကများ ငါ့ကိုလေ ငါ့ကိုပိတ်ရိုက်မယ် ဟုတ်လား.....''
"ငါ နင့်ကိုတောင်းပန်တယ်သိလား...ငါ့အနားမှာ နင်လာမထိုင်ပါနဲ့ ဟိုဘက်မှာ နေရာအကျယ်ကြီးအဲ့မှာ နင်သွားထိုင်ပေါ့''
"ဟာ.....ကြီကျယ်လိုက်တာ ကြည့်စမ်း.....နင်.....နင်''
ဖြစ်နိုင်ရင်လေ ဒီကောင်မလေးနဲ့ကို ခွန်းခ စကားမပြောချင်ပါဘူး.....
လက်ရှိအခြေအနေမှာ နာကျင်ရီဝေနေသည့် မျက်ဝန်းလေတွေထဲ မျက်ရည်တွေ တစ်ပေါက်ပြီးတစ်ပေါက် စီးကျမလာအောင် မျက်တောင်ရှည်ကော့နက်နက်လေးတွေကို တဖျတ်ဖျတ်ခတ်ပစ်နေရသလို ခွန်းခ မျက်ဝန်းလေတွေ ဝေ့ဝေ့ပြီးတော့ရောက်ရောက်သွားရတာလည်း ပန်းခရမ်းပြာရောင်ဝမ်းဆက်လေးဝတ်ထားသည့် အသက်သုံးဆယ်ကျော်အရွယ် မိန်းမတစ်ယောက်နှင့် ရွေတိဂုံဘုရားစောင်းတန်းတစ်ခုရှေ့မှာ ရယ်ကာမောကာနှင့် စကားလက်စုံကျနေသည့် ဖေ့ဖေ့ မျက်နှာလေးဆီကိုပဲ ကြည့်နေမိတယ်.....
YOU ARE READING
အမုန်းများစွာဖြစ်ချစ်သေား
Actionတစ်ခါတစ်လေတော့လဲအမုန်းတွေကချစ်ချင်းအဖြစ်ပြောင်းလဲနိုင်သလိုအချစ်ကြောင့်ပဲအမုန်းတွေဖြစ်လာနိုင်တယ်..............