🍷(၁)

12.6K 742 5
                                    

အပေါင်လေး အပိုင်းတစ်။ ။

(Remind : ဒီplotလေးက ဟိုးအရင်ထဲက အညို osလေး ဖန်တီးခဲ့ဖူးပြီးသားပါ။ တော်တော်များများလည်း သဘောကျခဲ့တာမျိုးမို့ ခပ်ရှည်ရှည်လေး ပြန်ဖန်တီးဖြစ်တာပါကွယ်။ )

အခန်းငယ်လေးတစ်ခန်း။
အ‌ငွေ့တွေပြည့်နက်နေပြီး စီးကရက်နံ့များလည်း မွှန်ထူနေလျက်ရှိ၏။

" အန်တီတောင်းပန်ပါတယ်၊ ဒီလို လက်အုပ်ချီပြီးကို ရှိခိုးတောင်းပန်ပါတယ်ကွယ် "

အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ယောက်သည် ကြမ်းခင်းပေါ်၌ ဒူးထောက်လျက်ရှိသည်။ မျက်နှာနှင့် ကိုယ်လုံးပေါ်တွင် ညိုမဲနေသော ဒဏ်ရာဒဏ်ချက်တစ်ချို့။ ထုံးဖွဲ့ထားသည့် ဆံနွယ်မှာလည်း ဖရိုဖရဲဖြင့်ရှိ၏။

" ဟော ဒီလိုတောင်းပန်လိုက်တာနဲ့ပဲ ရသလား။ ခင်ဗျားယူထားတဲ့ ပိုက်ဆံက အမှုန်အမွှားလေးမှ မဟုတ်တာ "

ဆိုဖာခုံပေါ်တွင် အကျအနထိုင်ကာ ဘယ်ဘက်လက်ထဲတွင် စီးကရက်အား ညှပ်ကိုင်ထား၏။ ဘေးတစ်ဖက်တစ်ချက်ဆီတွင် ဗလတောင့်တောင့် ယောက်ျားကြီးငါးယောက် မလှုပ်မရှုပ် ရပ်နေကြသည်။

" အချိန်ခဏပဲ ထပ်ပေးပါ "

" ရှုး ခင်ဗျားပါးစပ်ပိတ်ထား "

ချက်ချင်းတိတ်ဆိတ်သွားသော အခန်းငယ်လေး။
ထိုင်နေရာမှထကာ ပြတင်းပေါက်နားသို့ လျှောက်သွားလေသည်။ ဒေါက်ဖိနပ်သံ တတောက်တောက်မှလွဲ၍ ပကတိငြိမ်သက်၏။ အသက်ရှူသံ ခပ်ပြင်းပြင်းပင် မကြားရပါ။

" မျက်လုံးတွေကို ဖောက်ထုတ်လိုက် "

ဩရှရှအသံသည် ပြတ်သားစွာ ထွက်ပေါ်လာ၏။

" ဟင့်အင်း မေမေ့ကိုမလုပ်ကြပါနဲ့ "

တံခါးနောက်ကွယ်မှ အပြေးထွက်လာသော ကလေးမကြောင့် ဟက်ခနဲရယ်လိုက်မိသည်။

" သမီးငယ် ဘာလာလုပ်တာလဲ။ သွားပါ မေမေ့ကိစ္စ မေမေပဲရှင်းမယ် "

ပြတင်းပေါက်၌ ရပ်နေသူသည် စီးကရက်အား ရှိုက်ဖွာမပျက်။ ထိုနည်းတူ ပွေ့ဖက်ငိုယိုကာ ဒရမ်မာခင်းနေသည့် ကြမ်းခင်းပေါ်မှ သားအမိနှစ်ယောက်အားလည်း အကြည့်မလွှဲပေ။

အပေါင်လေး (completed)Where stories live. Discover now