"ကဲ...ဒါဆိုဒီနေ့တော့ဒီလောက်ဘဲနော်"
ဆရာကစာသင်တာကိုရပ်နားလိုက်ပီးနှုတ်ဆက်ရင်းနဲ့
"ဒါနဲ့ဆရာမေ့တော့မလို့...မင်းတို့အားလုံးကိုဆရာပြောစရာရှိတယ်...မင်းတို့ပထမနှစ်တွေကို တတိယနှစ်စီနီယာတွေက သူတို့ရဲ့ပထမနှစ်တုန်းကစာအုပ်တွေနဲ့မှတ်သားထားခဲ့တဲ့စာတွေပါတဲ့စာအုပ်တွေကိုပေးကြမှာ...အဲ့တာဒီနေ့ကျောင်းMeetingခန်းထဲမှာနောက်တစ်နာရီနေရင်ပေးတော့မှာ...ခုထဲကသွားချင်လဲသွားလို့ရတယ်နော်"
"ဟုတ်ကဲ့ပါဆရာ"
Bibleလဲနာရီဝက်လောက်နားရင်းနဲ့စာကြည့်နေလိုက်လေသည်။နောက်မှMeetingခန်းထဲသို့သွားလိုက်လေသည်။Meetingခန်းထဲရောက်တော့ ရှေ့ဆုံးမှာမတ်တပ်ရပ်နေကြတဲ့စီနီယာတွေထဲမှာ သူ့ချစ်ရသူBuiလဲပါနေလေရဲ့။
"ကဲ...ကဲ...အားလုံးစုံကြပီထင်ပါတယ်...ခုစလိုက်ရအောင်နော်...အကိုတို့ကမင်းတို့ကိုစာအုပ်တွေပေးချင်တိုင်းပေးမှာမဟုတ်ပါဘူး...မင်းတို့လည်ဆွဲကတ်နံပါတ်နဲ့ အကိုတို့ပထမနှစ်တုန်းကလည်ဆွဲကတ်နံပါတ်တူတဲ့သူကိုဘဲပေးရမှာပါ"
Apoကပြောလိုက်ပီး...
"ကဲ...အကိုနာမည်ကApoပါ...ပထမနှစ်တုန်းကအကို့ရဲ့ကတ်နံပါတ်က68ပါ...ကဲ...ခု68ကဘယ်သူများပါလိမ့်နော်"
Apoတို့အားလုံးပထမနှစ်ကျောင်းသားလူအုပ်ထဲကိုကြည့်နေတုန်းမှာဘဲကောင်မလေးတစ်ယောက်ကလက်ထောင်ပြလာကာ...
"ညီမပါP'Apo"
"ဟော...ညီမအလှလေးပါလား...ရှေ့ကိုထွက်ခဲ့ပါ..."
ထိုကောင်မလေးထွက်လာတော့Apoကသူ့ရဲ့စာအုပ်တွေကိုထိုကောင်မလေးကိုပေးလိုက်လေသည်။
ဒီလိုနဲ့တစ်ယောက်ပီးတစ်ယောက်ပေးလာလိုက်တာ ခုတော့သူချစ်ရတဲ့Buiအလှည့်ကိုရောက်လာလေသည်။
"အကိုနာမည်ကBuiပါ...အကို့ရဲ့ကတ်နံပါတ်က..."
Buiရဲ့ကတ်နံပါတ်ကိုမိန်းကလေးများအားလုံးစိတ်ဝင်တစားနားစွင့်နေကြလေရဲ့။Bibleကလဲရင်တထိတ်ထိတ်နဲ့နားထောင်နေလိုက်တယ်။
"17ပါ"
Bibleရင်ထဲဒိတ်ခနဲဖြစ်သွားပီးသေချာရဲ့လားဆိုပီး သူ့လည်ဆွဲကတ်ကိုသူပြန်ငုံ့ကြည့်လိုက်လေသည်။မိန်းကလေးတစ်သိုက်ကတော့ စိတ်ပျက်လက်ပျက်အသံများထွက်ပေါ်လာကြလေသည်။
YOU ARE READING
🍀Crush🍀
Fanficမြင်မြင်ချင်းအချစ်ဆိုတာကိုခင်ဗျားတို့ယုံလားမသိပေမယ့် ကျွန်တော်ကတော့ယုံတယ်ဗျ။ #BibleBui