🍂Part-1🍂

15 1 0
                                    

ဒုတိယနှစ်ထဲက ကျွန်တော် တစိမ့်စိမ့်ခိုးကြည့်နေရတဲ့ ကောင်မလေး ကို လိုလေသေးမရှိ ဘေးနားကနေ သူမ မသိအောင်လိုက်ဂရုစိုက်ပေးရင်း
နှစ်တွေတောင်အတော်ကြာသွားခဲ့ပြီ.....

''ဟေ့ Ri ရေ နင်ဒီနေ့ အတန်းတက်မလို့လား မုန့်အရင်စားကြရအောင်လေ''

သူမရဲ့ မျက်လုံးလေးတွေက တိမ်စလေးတွေကိုသိပ်ဖြူစင်လိုက်တာ ပြီးတော့ ရယ်လိုက်ရင် သွားချွန်ချွန်လေးတွေ အားးးအဲ့ကွေးညွတ်နေတဲ့ နှုတ်ခမ်းစွန်းအစလေးတွေ ရယ် ကြားမှာ ကျတော် မြောနေမိတယ် Ri...

နိုင်းလွန်း ခေါ်သံကြောင့် Ri လမ်းငုတ်လျှောက်နေရာမှ မော့ကြည့်မိသည်...

''ဟဲ့...နင်ကလည်း အတန်းနောက်ကျမှာပေါ့ အယ် ဒါပေမဲ့ ငါလည်းဗိုက်ကတော့ဆာနေပြီဟ
အရင် သွားစားရအောင်လေ အဲ့တာဆိုလည်း''

''အေးအေး အာ့ဆို canteen အရင်သွားကြမယ် လာ''

''Ri လာလေ ငါထီးဆောင်းပေးမယ် နေပူတယ်
ပေး ပေး ထမင်းချိုင့် ငါကိုင်ပေးမယ် ''

နိုင်းလွန်း မှ လက်ထဲမှ ဇာတ်ခနဲ ဆွဲယူလိုက်တော့
ထမင်းချိုင့် ပါသွားခဲ့သည် ထီးကတော့ကျမတို့အတူတူ ဆောင်းနေကြမို့လို့ သူထီးအောက်ထဲ
ကျမ အလိုအလျောက် ဝင်မိရဲ့သားပါပဲ...

တစ်ချို့လူတွေကတော့ ကျမတို့ကို အတွဲတွေဟုစနောက်ကြသည် သို့သော်...သူကတော့ဖွင့်မပြောပေမယ့် တကျောင်းလုံးကတော့ သိနေဟန်ပါပဲ..
အကင်းပါးတဲ့ ကျမလည်း သိနေခဲ့တယ်....

နွေဦးညို (Ongoing)Where stories live. Discover now