13 Final

3.9K 361 30
                                    

ခပ်မှိန်မှိန်လင်းနေသော ရေနံဆီမီးအိမ်ကို မြောက်ကိုင်ပြီး အိမ်ခန်းထဲသို့ ဝင်လာခဲ့လိုက်၏။ အမှန်ဆို ဒီအခန်းကျယ်မှာ ဗိုလ်လေးဂူချီနှင့်အတူ နေထိုင်တာ အတော်ကြာလှပြီဆိုတော့ သူမရှိတော့ နေရတာ လစ်ဟာနေသလို။ ပြန်မလာတာ သုံးရက်ရှိပြီ။

"ရှင်မရှိလဲ ကျွန်မက ဖြစ်တာပဲလေ"

ဒီလိုပြောနေမိပေမယ့် နှလုံးသားက တစ်စုံတစ်ယောက်ကို လွမ်းဆွတ်မိနေသလိုလို။ ခြေသံကြားတိုင်း ထကြည့်မိတာက ပုံမှန်လိုဖြစ်နေပြီ။ဗိုလ်လေးဂူချီက တင်းမာနေသော နိုင်ငံရေးအခြေအနေကြောင့် ကင်ပေတိုင်စခန်းမှာ နေ့ညမပြတ် တာဝန်ကျနေသဖြင့် သူမဆီ မလာတာကြာ အင်း မလာချင်တာလဲ ဖြစ်မယ်ပေါ့။

"သူ ငါ့ကို မုန်းသွားတာမြန်းလား ... အို မုန်းသွားလဲ ကောင်းတာပဲဟာ အင့့်"

နှလုံးသားနေရာတည့့်တည့့်ကာ ရုတ်တရက် အောင့်တက်လာပြီး ခွင့်ပြုချက်မရပဲ မျက်ရည်အချို့က ပါးပေါ်စီးကျလာသဖြင့် ကမန်းကတမ်းလက်ခုံနှင့် သုတ်လိုက်ပြီးနောက် နှစ်ယောက်အတူ အိပ်ခဲ့ဖူးသော ကုတင်ပေါ် အိပ်ရန် ဟန်ပြင်သောအခါ မင်္ဂလာဦးက ဖြစ်ရပ်အချို့ကို ပြန်မြင်ယောင်လာမိသည်။

"ရှင် ဒီအခန်းထဲကို ဘာလို့ ဝင်လာရတာလဲ ကာနဒါဂူချီ"

ထုံးဖွဲ့ထားသော ဆံပင်မှ ဆံညှပ်အချို့ကို ဖယ်နေခိုက် ဝင်လာသော လူရိပ်ကို မှန်မှ တစ်ဆင့့် မြင်လိုက်သဖြင့် ပန်းနုဝါ ခပ်စွာစွာဆိုလိုက်လေသော် ဂူချီက ပန်းနုဝါ၏ အနားသို့ လျှောက်လာခါ ကျန်နေသေးသော ဆံညှပ်အချို့ကို ဖယ်ပေးရင်း

"ဆန်းလို့လား ဝါရဲ့ ကိုယ်က မင်းနဲ့ တရားဝင်လက်ထပ်ထားတဲ့သူပဲဟာ ကို့ဇနီးအခန်းကို လာတာ ဘာများဆန်းလို့လဲ"

"ဖယ်စမ်းပါ ဂူချီ ရှင်နဲ့ကျွန်မက သဘောတူညီချက်တစ်ခုနဲ့ လက်ထပ်ထားတဲ့သူတွေပဲ ဘာမှ အပိုတွေပြောမနေပါနဲ့"

"ဘာပဲဖြစ်ဖြစ် မင်းက ကိုယ့်ဇနီးဆိုတဲ့ အမှန်တရားက ပြောင်းသွားမှာမှ မဟုတ်တာ မဆိုးစမ်းပါနဲ့လေ"

သစ်သားဘီးဖြင့် ဆံနွယ်ရှည်တွေကို ငြင်သာစွာဖြီးသင်ပေးရင်း ဆံနွယ်အဖျားတွေကို နမ်းရှိုက်ကာ သူဆိုလေတော့ ပန်းနုဝါသည် မှန်တင်ခုံဘေးမှ ဆက်ခနဲ ထလိုက်ကာ ကုတင်ဘေးမှာ ဝင်လှဲလိုက်လေ၏။

အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} CompletedМесто, где живут истории. Откройте их для себя