Someone That I Like

910 83 3
                                    

စီးပွားရေးလောကတွင် အောင်မြင်ကျော်ကြားနေသည့် L.H Choice၏ CEOသည် တောက်ပြောင်နေသော အနက်ရောင်ကားတစ်စီး၏ နောက်ခန်းတွင် ခန့်ညားစွာ လိုက်ပါလာသည်။L.H Choice၏ အောင်မြင်မှုသည် CEO အီဟီဆွန်း၏ ငယ်ရွယ်မှုနှင့် စီးပွားရေးနယ်ပယ်တွင် ပါးနပ်စွာ လှုပ်ရှားတတ်သောကြောင့်ပင်။

သူ့တွင် ရှိနေသော ခန့်ညားမှုကြောင့် သမီးပျိုများ ဝိုင်းဝိုင်း‌လည်နေပြီး သူဌေးများက သမက်လောင်းအဖြစ် မှန်းကြသည်က အများအပြား။သူကတော့ ကမ်းလှမ်းလာမှုများအား အမြဲ အပြတ်ငြင်းသည်။

Companyသို့ တစ်ငြိမ့်ငြိမ့်သွားနေသော ကားပြတင်းပေါက်မှ အပြင်သို့ အမှတ်မထင် ကြည့်လိုက်မိရာ ပလပ်ဖောင်းပေါ်တွင် ကျောင်းဝတ်စုံအပြည့်ဝတ်ထားကာ စိတ်ညစ်စွာဖြင့် မျက်ခုံးများကို အနည်းငယ် ကြုံ့ထားသော ကောင်လေးတစ်ယောက်ကို တွေ့ရသည်။

ထိုကောင်လေး၏ ဘေးတွင် သူငယ်ချင်းများက ဝိုင်းထိုင်နေကာ တဟားဟားရယ်နေကြပြီးကောင်လေးက မကျေနပ်သည့်ဟန်ဖြင့် ဘေးက သူငယ်ချင်းများ၏ ကျောပြင်ကို တစ်အုန်းအုန်း လက်ဖြင့် ချသည်။အားလုံးက ငြိမ်သက်သွားသော်ငြား မျက်နှာများကတော့ ပြုံးစိစိ ဖြစ်နေဆဲ။

ဟီဆွန်း၏ အာရုံများက အမည်မသိသော ထိုကောင်လေးထံ၌ ရှိသည်။တွန့်ချိုးထားသော မျက်ခုံးအစုံနှင့် နီဆွေးဆွေး နှုတ်ခမ်းတစ်စုံက သူ့ကို ဆွဲဆောင်နေသည်။ကြည့်ရတာ ဂျစ်ကန်ကန်လေး ဖြစ်ပုံရသည်။

22နှစ်အရွယ်ရှိသော ယောင်္ကျားလေးတစ်ယောက်မို့ ပျော်စရာများကတော့ သေချာပေါက်ရှိသည်။ထိုပျော်စရာလေးများသည် သူကြိုက်သလောက် တစ်ပြိုင်တည်း တွဲနိုင်သည်။ကစားနိုင်သည်။အီဟီဆွန်း၏ play listထဲတွင် ရှိနေခြင်းက သူတို့အတွက် ဂုဏ်ယူစရာပင်။

ဒီတစ်ခေါက် ‌သူ့ကို ပထမဆုံး ဆွဲဆောင်နိုင်သည့် ထိုကောင်လေးကို အလွတ်မပေးချင်။

နောက်တစ်ခေါက် ပြန်ဆုံကြတာပေါ့ baby။

____

"မင်းကလည်း သွားလိုက်ပေါ့ကွာ"

"ဟျောင့် ဟိုမှာက ကဲလို့ရတာ မဟုတ်ဘူး....ဘယ်ကနေ ဘာကြံရမလဲ စဉ်းစားနေတဲ့ အဘိုးအိုကြီးတွေကြားမှာ.....ကျစ်"

Someone That I LikeWhere stories live. Discover now