Part-(1)

41 1 0
                                    

(Unicode)

များပြားလှတဲ့ ခရီးသည်တွေရှုပ်ယှက်ခက်
နေတဲ့ လေယာဉ်ကွင်းထဲမှာစိုပြေ တစ်စုံ
တစ်ယောက်အားနာရီတစ်ကြည့်ကြည့်
ဖြင့်စောင့်နေသည်။မကြာမီ လေယာဉ်ဆိုက်ကပ်တော့မှာဖြစ်တာကြောင့် သူဌေးဖြစ်သူကိုကြိုဆို
ရန် သူကိုယ်သူ သပ်ရပ်သန့်ပြန်အောင်
ပြင်ဆင်နေလိုက်သည်။

ခဏအကြာမှာတော့ လေယာဉ်ဂိတ်၀မှ
စောင့်နေသည့်သူဌေးဖြစ်သူထွက်လာသည်။
သူခပ်မြန်မြန်ပြေးသွားလိုက်ကာ သူဌေး
လက်ထဲမှ လက်ဂေ့ကိုဆွဲယူလိုက်သည်။

"ရတယ်...စိုပြေ၊ငါ့ဟာ့ငါ ဆွဲပါ့မယ်။"

"ဟာဗျာ...မဟုတ်တာ သူဌေးကလည်း။
သူဌေးခုမှပြန်ရောက်တာ ခရီးပမ်းနေ
လောက်ရောပေါ့။ကျွန်တော်သယ်ပေးပါ
မယ်...။"

သူ့ကို ငြင်းဆိုနေသည်ကို အမှုမထားဘဲ
လက်ဂေ့ကိုသာဆွဲယူလိုက်ပြီး သူဌေးဖြစ်
သူကို တစ်ချက်ကြည့်လိုက်သည်။
တကယ်ပင် ဒီအသက် နှစ်ဆယ့်ခုနစ်နှစ်
အရွယ် လူငယ်တစ်ယောက်သည် ကမ္ဘာ‌
ကျော် ထိပ်တန်းစီးပွားရေးရှင်တစ်ယောက်
ဖြစ်သည်။ပြည်တွင်းမှာသာမက ပြည်ပမှာ
ပါ နာမည်ကျော်ကြားသည့် Ku.G ကုမ္ပဏီ
၏ ဥက္ကဌတစ်ယောက်လည်းဖြစ်သည်။
ငယ်ရွယ်သော လူငယ်တစ်ယောက်ဖြစ်
သော်လည်း စီးပွားဖက်ပါတနာများနှင့်
သက်ကျားအိုကြီးတို့ထံကပါ ချီးကျူး
လေးစားမှုအပြည့်ရရှိထားသူဖြစ်သည်။
၀န်ထမ်းတွေကိုလည်း သာတူညီမျှဆက်ဆံ
ကာ ကောလဟာလအရှုပ်အရှင်းလည်း
ကင်း၊မိန်းမကိစ္စ အရက်သေစာကိစ္စလည်း
ကင်း၊တည်ကြည်ပြီး ခန့်ညားတဲ့ဥပဓိရုပ်နဲ့
အတူ လွှမ်းမိုးနိုင်သည့် အော်ရာတစ်ခု
လည်း ထိုသူမှာရှိနေသေးသည်။စိုပြေ
ကိုယ့်သူဌေးကို မလေးစားပဲမနေနိုင်ပေ။

"မင်း ကြည့်လို့၀ပြီလား။"

သူ့ဘက်သို့လှည့်ကြည့်ကာ ပြောလိုက်သော
စကားကြောင့် စိုပြေတစ်ယောက်ခပ်တည်
တည်ဖြင့် အကြည့်လွှဲလိုက်ရသည်။

"သူဌေးက အရမ်းကြည့်ကောင်းနေလို့ပါဗျာ။"

"ဟုတ်ပါပြီ...ဘယ်လိုလဲ ငါနေမယ့်နေရာ
ရှာပေးပြီးပြီလား။"

To the boneWhere stories live. Discover now