Part - 2

389 44 6
                                    

Unicode

" ထပ်ဆုံပြန်ပြီနော် "

" ဟုတ်ပါ့ရှင် "

သိပ်ချစ်ခဲ့သော ၊ ချစ်ရဆဲဖြစ်သော  ကလေးငယ်ကို တွေ့တိုင်း ခံစားချက်တစ်စုံတစ်ရာမျှ မရှိတော့သလို ဟန်ဆောင်ရသည်မှာ ပင်ပန်းလွန်းသည်။ သူမကတော့ ခပ်အေးအေးပင် ။ အရင်လို ဖြူစင်သော အပြုံးမျိုးနှင့် ပြုံးပြနေဆဲ။ 

" ဒီတစ်ခါ ဘယ်လို မြတ်နိုးဖွယ်ရာ နာမ်စားလေးတွေနဲ့ စာဖတ်သူတွေရဲ့ ရင်ထဲရောက်အောင် ရေးထားလဲ စာရေးဆရာမကြီး ဂျီဆူးရှင့် "

ကျွန်မတို့နှစ်ယောက်၏ ဇာတ်လမ်းကို သိထားသည့် ငယ်သူငယ်ချင်းဖြစ်သော အွန်ဟယ်ယောင်းကပဲ နေရမခက်စေရန် တိတ်ဆိတ်နေသော စားပွဲဝိုင်းကို အသက်၀င်စေသည်။ 

" ဒါကတော့ရှင်  ကင်ဂျီဆူးပါ ဘယ်လိုရေးသားတတ်လဲဆိုတာ ရှင့်အသိပဲကို "

ဂျီဆူးပြောလိုက်သည့်စကားကြောင့် သုံးယောက်လုံး သဘောကျစွာ ရယ်မိသည်။ 

" ရှင့် စာလေးတွေ ဖတ်ပြီးတိုင်း ငိုနေရတာတော့ မဟုတ်သေးဘူးနော် ဘယ်သောအခါမှ ဇာတ်သိမ်းမှာ မပျော်ရဘူးရယ် ခါးသက်ဆို့နင့်တဲ့ ခံစားချက်တွေချည်း ပေးခဲ့တာ "

ကလေးငယ်ဆီမှ ထွက်ပေါ်လာသည်ကို နားထောင်၍ ဤနေရာမှာပဲ ရှုံးပွဲချ ငိုပစ်ရမလားလို့တောင် တွေးမိသည်။ " မင်းထားသွားထဲက ကိုယ့် အရာရာဟာ အကျည်းတန်နေတာ ဂျဲန်းငယ်ရဲ့"  ဆိုပြီးသာ အော်ပြောလိုက်ချင်သည်။

" နောက်ဆုံးမှာ ချစ်သူနှစ်ဦး ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်း ဆိုတာ ဇာတ်လမ်းတွေထဲမှာပဲ ရှိတာလေကွယ် ။လက်တွေ့လောကမှာတော့ ခပ်ရှားရှားရယ်ပါ "

ထိုအခါ ဂျဲန်း ခဏတာ ငြိမ်ကျသွားသည် ။

အခြေမနေ မဟန်တော့သည်ကို ရိပ်မိသော အွန်ဟယ်ယောင်းကပင် စကားလမ်းကြောင်းလွှဲရပြန်သည်။

" ဂျီဆူး ရေးလက်စ ၀တ္ထုဆိုတာ ပြီးသွားပြီလား "

" အစက နှစ်ပုဒ်ရေးနေတာ လုံးချင်း၀တ္ထု တစ်ပုဒ်တော့ ပြီးခါနီးပြီ ။ ၀တ္ထု အတိုလေးကတော့ ပြီးသွားပြီရယ် "

'' Happier ''Where stories live. Discover now