1 🤍

313 24 0
                                    

                     Dandelions 1

ပန်းခြံထဲမှာပြေးလွှားဆော့ကစားရင်း ကောင်လေးတစ်‌ယောက်ပျော်ပါးနေသည်။ ပါးစပ်ကလည်း တဟီးဟီး တဟားဟားအော်လျက် အတော်ပင်ပျော်ရွှင်နေပုံရသည်။ အနောက်ကိုရုတ်တရက်လှည့်လိုက်ရာ တုတ်တစ်ချောင်းနှင့် မိန်းမကြီးတစ်ဦးက မျက်မှန်ကိုနှာခေါင်းထပ် ပင့်တင်ရင်း သူ့ကိုစိုက်ကြည့်နေတာကို မြင်လိုက်ရသည်။

အားးး အမေ့

ထိုကောင်လေးအလန့်တကြားအော်သည်။

"BYUN BAEKHYUN!!!!
ထစမ်း အခုချက်ချင်း"

မသိလိုက်ခင်မှာ အလည်ရောက်သွားတဲ့အိပ်မက်ကမ္ဘာထဲမှပြန်ရောက်လာသော
Baekhyun ကိုတစ်တန်းလုံးနဲ့ အတန်းပိုင်ဆရာမက ပြူးကြည့်နေသည်။

အတန်းထဲကကောင်မလေးတွေကတော့ ပြုံးစိစိဖြင့် ခိုးရယ်သူကရယ်နေသည်။
ဆရာမလာတာ အသိမပေးဘဲ သူပါရောပြီးရယ်နေတဲ့ ဘေးကစိတ်ပုတ်သူငယ်ချင်း
Jongdae ကို မျက်စောင်းထိုးလိုက်သည်။

ဆရာမက ဒေါသမျက်လုံးဖြင့်

"အခုရှင်းနေတာ ဘယ်အပုဒ်ရောက်ပြီလဲ
ဖြေစမ်း Baekhyun"

ပြဿနာပဲ စာစရှင်းကတည်းက အိပ်ငိုက်နေတာ တမေ့တမော။
မနေ့ညက ညလုံးပေါက်ဂိမ်းထိုင်ဆော့မိသော ကိုယ့်ကိုယ်ကို ခေါင်းခေါက်ချင်မိတော့သည်။ သေသာသေလိုက်ချင်တော့သည်။

Baekhyun ခေါင်းကိုကုတ်ကာ

"ဘယ်သိမလဲဆရာမရဲ့
ဆရာမရှင်းပြနေတာ ဆရာမပဲသိမှာပေါ့
ဟုတ်တယ်မလား"

အတန်းထဲကို ဝေ့ပတ်ပြီး အရူးကွက်နင်းကာ မေးလိုက်သေးသည်။ Baekhyun တို့ ဆရာမအမြင်ကပ်အောင်လုပ်တဲ့နေရာမှာတော့ နံပါတ်ဝမ်း ပင်။

"ဘာ!!!!"

ဆရာမဒေါသ ငယ်ထိပ်တက်ဆောင့်လေပြီ။

ရုန်းထွက်လို့မရတဲ့အခြေအနေမှာ ဆရာမစိတ်ပြေဖို့ထက် စိတ်ပိုဆိုးအောင်ပဲလုပ်လို့ရတော့မည်လေ။

"သွားသွား အချက်ချင်း အ‌နောက်မှာ ဒူးထောက်ထား"

"ဟုတ်ကဲ့"

မအူမလည်လေးဖြေကာ အနောက်ကိုလာရတော့သည်။ စာရှင်းနေတုန်းက အိပ်ချင်နေတဲ့မျက်လုံးက ပြူးကျယ်သွားလေပြီ။ Baekhyun တို့က တစ်နေ့တစ်နေ့ အရှက်မကွဲရတဲ့နေကိုမရှိ။ အလွဲတစ်ခုခုက ဖြစ်လိုက်ရမှ!

♡ Dandelions ♡Where stories live. Discover now