Part 7.( ဒါ အိမ်မက်လေးလား) 🍀

4.1K 283 26
                                    

ဒီနေ့ နေအရမ်းပူတာကြောင့် စျေးရောင်းပြီး ပြန်လာသည့် စည်းတစ်ကိုယ်လုံး ချွေးတွေ ရေချိုးထားသလို ဖြစ်နေသည်။ ယခင်နေ့ကထက် ပိုရောင်းကောင်းတာမို့ ညနေလေးနာရီလောက်နဲ့တင် အိမ်ကိုစောစောပြန်ရောက်လာခဲ့သည်။ ကော်ထိုင်ခုံတစ်ခုမှာ မှီထိုင်ပြီး အနားယူပြီးနောက် ချွေးတွေရွှဲနေသည့် အိင်္ကျီတွေအား ချွတ်လိုက်သည် ။

'' ကိုကြီး.... ရေသောက် အုံး....''

အငယ်ဆုံး ဧကန်လေး ခပ်ပေးလာတဲ့ စတီးရေခွက်လေးကို စည်း လှမ်းယူလိုက်ပြီး သောက်လိုက်သည်။ အကြီးကောင်ဧလလေးက စည်း ချွတ်ထားတဲ့ အဝတ်တွေအား လျှော်မည့်အဝတ်ပုံးထဲ သွားထည့်ပေးလေသည်။ လိမ္မာတဲ့ သူ့ညီလေးတွေက မျက်ဝန်းတောက်တောက်လေးတွေနဲ့ စည်းအား ခဏခဏ ကြည့်နေသည်ကြောင့် သူတို့ပူဆာစရာရှိနေသည်ဆိုတာ စည်းသိလိုက်သည်။

မိသားစုအနေအထားက စားနိုင်သောက်နိုင်ရုံ အခြေနေကို အရွယ်နဲ့မလိုက်အောင် နားလည်တဲ့ သူ့ ညီမလေးနဲ့ညီလေးတွေက တော်ရုံ မပူဆာ၊အရမ်း လိုချင်မှသာ ပူဆာလေ့ရှိသည်။ ပူဆာတာက စည်းမျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး ပူဆာတတ်သည်။ အစ်ကိုကြီး အဖရာ တာဝန်ကို ကျေကျေနပ်နပ်ကြီး ယူထားတဲ့ စည်းကလဲ အငယ်တွေ ပူဆာသမျှကို တတ်နိုင်သလောက် ဝယ်ပေးတာ များသည်။အငယ်တွေကလဲ တန်ဖိုးအရမ်းမြောက်တာမျိုး ပူဆာတာ မရှိတာလဲ ပါသည်ပေါ့။

'' အမြွှာနှစ်ကောင် ကိုကြီးကိုပြော....ဘာလိုချင်တာ ရှိလို့လဲ... ''

'' ဟီး..ကိုကြီးက ဘယ်လိုသိလဲ... ''

နှစ်ယောက်သား စည်း ကို ခုံနောက်ကနေ ပြေးဖက်ထားကြပြီး စည်းပုခုံးတစ်ချက်စီမှာ ခေါင်းလေးတွေ မှီတင်ထားကြလေသည်။

'' အဟား...သိတာပေါ့ကွာ ၊ဘာလိုချင်တာလဲ ကိုကြီးကိုပြော...ကိုကြီးမှာ ချွေးတွေနဲ့ ဖက်မထားကြနဲ့....''

'' ဟင့်အင်း.. ဖက်မှာပဲ ''

အငယ်ကောင် ဧကန် တယောက်ပဲ ပြန်ဖြေပင်မဲ့ အကြီးကောင် ဧလကလဲ ပိုတိုးလို့ဖက်လာသည်က သူလဲဆက်ဖက်မှာ ဖြစ်ကြောင်း အသံတိတ်ပြောနေလေသည်။

 လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍 Место, где живут истории. Откройте их для себя