(47.2)နှုတ်ဆက်အနမ်း & ကျွန်တော်အကုန်လုံးကိုသိတယ် ,မျက်ရည်တွေစီးကျလာပြီ

5.9K 1K 53
                                    

Zawgyi

ဆုလော် ဒီနေ့ရိုက်ကွင်းကိုရောက်မလာတာက ပုံမှန်ပဲလေ။ ယခင်အတိုင်းသာဆိုရင် ဒီနေ့ရဲ့ရိုက်ကူးချိန်က သူမရဲ့ဇာတ်ဝင်ခန်းတွေဖြစ်နေရမှာကိုး။

ရှန်ချင်းရှု ထိုအမျိုးသမီး အတော်လေးစိတ်ဆိုးနေလောက်တယ်လို့တွေးတောလိုက်တယ်။ သူမသာ မပျော်ရွှင်ဘူးဆိုရင် သူကတော့ပိုပြီးပျော်နေမှာပဲ။

ဒီတော့ ရှန်ချင်းရှုရဲ့စိတ်ဝိဥာဉ်က တစ်မနက်လုံး လန်းဆန်းတက်ကြွနေခဲ့ကာ ရိုက်ကူးရေးကလည်း ချောချောမွေ့မွေ့နဲ့ပြီးဆုံးသွားခဲ့တယ်။

ဟန်ချောင်က ရိုက်ကွင်းမှာနှစ်ရက်ထပ်နေခဲ့ပြီး နောက်နေ့ညနေပိုင်းမှာတော့ ပြန်ရမယ့်အချိန်ကိုရောက်လာပြီ။

ရှန်ချင်းရှု ထိုသူထွက်သွားတာကိုစောင့်ကြည့်ချင်ခဲ့တယ်။ ထွက်သွားရခါနီးမှာ ဟန်ချောင်က ရှန်ချင်းရှုနဲ့ခွဲရမှာကို စိတ်မပါဘူးဖြစ်နေသလို ရှန်ချင်းရှုကလည်း သိက္ခာတချို့ထိန်းသိမ်းထားချင်တုန်းပဲ။ ဒါကြောင့် သူ ထိုင်ခုံကိုအလျှင်အမြန်ဝင်ထိုင်လိုက်ကာ ဟန်ချောင်စိတ်ရှုပ်ထွေးနေတုန်းမှာပဲ ထိုအမျိုးသားကိုနမ်းရှိုက်လိုက်ပြီး အလျှင်အမြန်ပဲ ကားထဲမှပြန်ထွက်လိုက်တယ်။

ဟန်ချောင်:!!!

ဟန်ချောင် သတိလက်လွတ်နဲ့ ကားတံခါးကိုဖွင့်ကာ ထိုအမျိုးသားငယ်လေးနောက်ကိုလိုက်ဖို့ ကားထဲမှထွက်လိုက်မိတယ်။ ပြီးနောက် ကားရဲ့တစ်ဖက်မှာရှိနေတဲ့သူကို အံ့ဩစွာငေးကြည့်နေမိတယ်။

ရှန်ချင်းရှု တိုးဖွစွာရယ်လိုက်မိပြီး:
"ပြန်တော့လေ ခင်ဗျား နောက်တစ်ခါ ကျွန်တော့်ဆီကိုလာလည်မှာကိုစောင့်နေမယ်"

ဟန်ချောင် အသိစိတ်လွတ်ကင်းစွာ ခေါင်းညိတ်လိုက်မိပြီး သူ့ရဲ့နှလုံးခုန်သံတွေကတော့ ကျယ်လောင်စွာမြည်ဟီးနေခဲ့လေရဲ့။

သူရဲ့နှုတ်ခမ်းတွေကိုဖွင့်ဟပြီး တစ်စုံတစ်ခုပြောဖို့ကြိုးစားလိုက်ပေမယ့် အဆုံးမှာတော့ "အမ်"ဆိုတဲ့ စကားလုံးလေးနဲ့အဆုံးသတ်သွားရတယ်။

သူ့မှာပြောစရာစကားတွေအများကြီးရှိနေပေမယ့်လည်း ဘာတစ်ခုမှပြောမထွက်နိုင်ပြန်ဘူး။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now