🍷(၂)

7.5K 624 9
                                    

မီဒီယာသမားတို့ရဲ့ တဖြတ်ဖြတ်လက်နဲ့သော ကင်မရာစလိုက်မီးရောင်တွေကြားမှ တရွှန်းတစားတင့်တယ်နေသည့် ဒေါ်လေးညို့သခင်။

ခြောက်ပေနီးပါးရှည်သောအရပ်အမောင်းသည် ကလန်ကလားဖြစ်မနေပါပဲ ဝင့်ဝင့်ကြွားကြွားရှိလှ၏။ သွယ်လျသော လည်တံ၊ ကျယ်ပြောသော ပခုံးနှင့် မက်မောစရာကောင်းလွန်းသော နောက်ကျောပြင်။ ခပ်တင်းတင်းစေ့ထားသည့် နှုတ်ခမ်းပါးတို့သည် နီဆွေးလျက်ရှိ၏။ မျက်ဆံနက်နက်များမှာ ‌အရှေ့သို့သာ တစိုက်မတ်မတ် အာရုံပြုထားပြီး တည်ငြိမ်နေလေသည်။ မျက်နှာကြောတင်းသော ထိုအမျိုးသမီးသည် လှောင်ရယ်ခြင်းမှလွဲ၍ အရယ်အပြုံးမရှိသူဟု နာမည်ကြီးပြန်၏။

ခပ်မှန်မှန်ခြေလှမ်းများသည် တစ်စုံတစ်ဦးထံသို့။
ခြေတစ်ဖက်အရှေ့ရောက်တိုင်း တစ်ခါထွက်ပေါ်လာသည့် ပေါင်တံဖြူဖြူသည် ရူးသွပ်ဖွယ်အတိ။

" ဒီမှာဘာရပ်လုပ်နေတာလဲ အခန်းထဲပြန်တော့ "

" အခိုင်းအစေတွေအားလုံး ခြံထဲရောက်နေကြတာကို သွဲ့ကအိမ်ထဲမှာ ဘာဝင်လုပ်ရမှာလဲ "

" မင်းကို အခိုင်းအစေလို့ ဘယ်သူပြောလဲ "

" မဟုတ်လို့လား၊ အမှန်ပဲကို "

" မင်းက ကျွန်၊ သခင်မရဲ့ တစ်ဦးတည်းသော ကျွန်။
အမိန့်စကားအတိုင်း ထားရာနေ စေရာသွားရမယ့် ကျွန်။ သခင်မရဲ့ ခြေတော်ရင်းမှ ဝပ်ဆင်းရမယ့် ကျွန်ပဲ "

ကျွန်' ဆိုသည့် စကားလုံးလေးများထပ်ကာ ပြောဆိုလိုက်သောသူသည် ထုံးစံအတိုင်း တည်ငြိမ်စွာဖြင့်သာ။ အံကိုတင်းတင်းကြိတ်ကာ ထို‌အမျိုးသမီးအရှေ့မှာ ပြေးထွက်လာလိုက်သည်။ စံအိမ်တော်ကြီးထဲ ရောက်သောအခါမှသာ မျက်ရည်တို့အား လွတ်လပ်ခွင့်ပေးကာ ရှိုက်ကြီးတငင် ငိုမိတော့၏။

" သခင်မရဲ့ ချစ်မြတ်နိုးခြင်းကိုခံရမယ် ကျွန် "
ထိုစကားလေးအား ဒေါ်လေးညို့သခင် တစ်ဦးတည်းကြားရုံမျှ ခပ်တိုးတိုးဆိုလိုက်ခြင်းပင်။ ပြေးထွက်သွားသူအား ငေးရင်း အကြောင်းပြချက်မရှိ လက်ထဲမှဝိုင်ခွက်လေးကို မြက်ခင်းပြင်ပေါ် အားနဲ့ရိုက်ခွဲမိ၏။

အပေါင်လေး (completed)Donde viven las historias. Descúbrelo ahora