ဆယ်ကျော်သက်အရွယ်...
သစ်ရွက် လူပ်တိုင်း ရယ်ရင်လည်း
ရယ်မိလိမ့်မယ်...အသေးအမွှား လေးတွေအပေါ်လည်း..
ဆတ်ဆတ်ထိ မခံအကဲဆတ်ချင် အကဲဆတ်နေမိလိမ့်မယ်...တစ်ယောက်ယောက် ကို ပထမဆုံး အနေနဲ့ အများကြီး သဘောကျ ချင်လည်း ကျနေမိလိမ့်မယ်..
ပြီးတော့ အဲ့ဒီ သူက ကိုကို ခင်ဗျား ဖြစ်ချင်လည်း ဖြစ်နေလိမ့်မယ်....။
::::::::
ကျောင်းဝန်းရှေ့ တံခါး အနားတွင် ချက်ချင်း မဝင်သေးပဲ တစုံတယောက် အားတမျော်မျော် လုပ်နေမိသော ဆောနူ..
သိပ်မကြာလိုက်ပါ ကိုယ်ပိုင် အိမ်စီးဇိမ်ခံကားအနက်လေးပေါ်က သန့်ရှင်းဖွေးစင်နေသော ခြေနင်းအဖြူ ရောင်လေး နဲ့ ဆင်းလာသောသူ က ဆောနူ နေ့တိုင်း စောင့်မျော်နေရသူ...
ဆံနွယ် အနက်ရောင် လေးတွေက အမြဲ ကပိုကယို ရှေ့ကျနေတတ်ပြီး မျက်မှန် ကိုင်းရွှေရောင် အဝိုင်းလေး အောက်ဆီက မျက်ဝန်း တွေကတော့ နွေး '' ထွေး ''
ရှိနေတတ် ၏ ။ပါးလွှာသေသပ်သောနူတ်ခမ်းလွှာများက တော့ အပြုံးအရယ်နည်းပါးတတ်သည် ။
သို့သော်...
''ကိုကို အတန်းသွားတော့မလို့လား ခင်ဗျ ''
မဝံ့မရဲ အသံတိုးတိုးလေးနဲ့ ဆောနူ နူတ်ဆက်လိုက်သည် နှင့် ကွေးညွှတ်သွားသော နူတ်ခမ်းပါးများ....ပိုင်ရှင် အီဟီဆွန်း
ခေါင်းတချက်သာငြိမ့်ပြရုံ
နူတ်ခမ်းကွေးရုံ ပြုံးပြတတ်ရုံ ဆိုပေမယ့်
လုံလောက်ပါတယ်...
ဆောနူ ကျေနပ်စွာပြုံးလိုက်သည် ။
နီရဲနေသော လက်ချောင်းလေးတွေက ပျော်မြူးနေခြင်းကြောင့် ဂနာမငြိမ်..
ဖိနပ်ခြေဖနောင့်လေးတွေက တကြွကြွ..
မနက်တိုင်း မှာ ထိုသူ မျက်နှာက
အပြုံး တချက်ကို မြင် ရဖို့...ကဆောနူ အတွက်ရေးကြီးလွန်းခဲ့သည် ။ဆောနူ ဘေးတဖက်ဆီကနေ ကျောပိုး အိတ်တဖက်စောင်း အနေအထားကိုလွယ်ကာ
ဖြတ်လျောက်သွားသော သူ့ဆီက ခပ်သင်းသင်း ရေမွှေးနံ့ က ဆောနူ ယစ်မူးစွဲမက်ရသော ရနံ့ တခု....