//26//U

1.1K 57 2
                                    

//26//

''အန်တီ ဟို...ဟို ဘာမှမဟုတ်ပါဘူး! အချင်းချင်းနောက်နေတာပါ ဟုတ်တယ်နော် ဇွဲကို!! ဟား ဟား''
ခြောက်ကပ်ကပ်ရယ်ရင်း သုတ ဘေးမှလူကို တံတောင်နှင့်တွတ်ကာ ပြောလိုက်သည်။

''မဟုတ်မှလွဲရော အန်တီ့ကိုအားနာနေတာလား သား?ဘာမှ အားနာစရာမလိုဘူး! ဒီကောင် ယောကျာ်းပဲလုပ်ရဲရင်တာဝန်ယူရမှာပေါ့!''

''ဟို တကယ်ပါ အန်တီမူယာရဲ့ ဘာမှမဟုတ်ဘူး!''

နောက်ဆုံး ဇွဲကိုကြည့်မနေနိုင်တော့ဘဲ ဝင်ပြောလိုက်ရတော့သည်။ဟိုးအရင်ချိန်များထဲက ပွင့်ပွင့်လင်းလင်းဝန်ခံထားပြီးသားမို့ အမေဖြစ်သူဟာသူ့အတွက် လမ်းဖောက်ပေးနေကြောင်းသူသိပါသည်။သို့သော် ငယ့်ကိုလဲ အနေမခက်စေလို။
''အမေ ခုနပြောတော့ မအားလို့ချက်ချင်းပြန်ရတော့မှာဆို နောက်ကျနေပြီလေ! မြန်မြန်သွားမှဖြစ်မှာပေါ့!''

''ငါ ဘယ်တုံးက ပြောမိ.....''

''အမေ!''

''အေးအေး ဟုတ်သား အန်တီ ခုမှသတိရတယ်သားရေ လုပ်စရာလေးရှိလို့ သွားလိုက်အုံးမယ်!''

ထိုစကားကြားလိုက်ရမှ သုတစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတော့သည်။
''ဟုတ် အန်တီမူယာ''

ဇွဲကိုသည် အမေဖြစ်သူကို တံခါးဝဆီလိုက်ပို့ရင်း တီးတိုးပြောလိုက်သည်။
''အမေကလဲ သူလန့်ပြေးသွားအုံးမယ်!''

''ဟဲ့ နင့်အတွက်ပြောပေးနေတာလေ''

''ကျွန်တော့်ဘာသာ ကိုင်တွယ်ပါ့မယ် အမေရာ!''

''ဟဲ့ နင် အသုံးမကျလို့ ပြောနေတာပေါ့! သူငယ်ချင်းဘဝနဲ့ အရိုးထုတ်တော့မလို့လား? ဒါ့ထက် နင်တို့တစ်ခုခုတော့ ဖြစ်ထားတယ်မလား? သူ့စိတ်ထဲလဲ နင်ရှိတဲ့ပုံပဲ! အခြေအနေကောင်းတုံး အခွင့်အရေး အပီယူရမဲ့ဟာကို!''

''ကျွန်တော် ကြည့်လုပ်လိုက်ပါ့မယ် အမေရာ''

''အန်တီသွားပြီလား? ''

''အင်း....ဆိုတော့ ခုနက စကားအရဆို ကိုယ့်ကိုလက်ခံပြီဆိုတဲ့သဘောပေါ့!''

'' ကိုယ်ဆိုတော့ ခေါင်းမပါဘူးလား? နားထောင်နေကြမဟုတ်တော့ ကြက်သီးထလိုက်တာကွာ!

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now