The Criminal:Episode(1)- {Psychopath} -Part(2)

74 11 2
                                    

Soobin POV: 

- ရပ်ကွက်ထဲပြန်ဝင်သွားတော့ hoseok hyungတို့ရှိရာဆီဦးတည်လိုက်သည်။ ခုနကတင်အထိနေထွက်နေပေမဲ့ အခုတော့ မိုးသားတွေမဲကာ မကြာခင်သဲသဲမဲမဲရွာမလိုပင်။ -

"Hoseok hyung ဘာကိစ္စလဲဟင်" (sb)

" ဒီအိမ်ထဲမှာ မကောင်းတဲ့အနံ့ဆိုးဆိုးဝါးဝါးတွေ၊ အသံတွေကြားရတယ် ထပ်တိုင်ကြားလာလို့။ လူမနေတာကြာပြီတဲ့။ "(HS)

"ဝင်စစ်ပြီးပြီလား။ " (HK)

"မစစ်ရသေးဘူး။ အတူတူသွားကြရအောင်...." (HS)

" Nae hyung "(SB)

- ခြောက်ယောက်အတူတူ အိမ်ထဲဝင်ကြည့်ကြတော့......အာဂူး....တကယ်....အပုပ်နံ့ကြီးဘဲ။ မိုးသားတွေလည်းမဲနက်နေတော့ သရဲအိမ်ထဲကိုဘဲဝင်ရသလိုလို၊ လူလည်းမရှိ၊ ခြံဝန်းကအစမြက်တွေကြောင့် ခြောက်ခြားဖွယ်ရာ။ beomgyuက taehyun၏ လက်မောင်းကိုကိုင်ကာ ဖြည်းဖြည်းချင်းဝင်လာခဲ့သည်။ - 

"အထဲရောက်လေလေအနံ့ကပိုဆိုးလေပါလား။ "(BG)

"ဟုတ်တယ်....တစ်ကောင်ကောင်များသေနေသလား။ " (TH)

- အိမ်ထဲဝင်ကြည့်တော့ အရမ်းကိုမှောင်မဲနေတာ။ လူမနေတဲ့အိမ်မှန်းသိသာတယ်။ - 

"အောန်.....ဒီဟာက ဘာလို့ ဒီထဲကိုရောက်နေတာလဲ။" (HK)

"ဘာလဲ..." (YJ/HS)

" ခေါက်ဆွဲဘူး....စားပြီးသားအစားအစာတွေ"(HK)

"အဲ့ဒါဆို လူရှိတာလား။ "(BG)

"လူနေတယ်ထင်တယ်....ဘယ်လိုလူမျိုးက ဒီအိမ်ထဲမှာနေရတာလဲ။ " (TH)

- ငါးယောက်သားအရှေ့မှာ အဖြေရှာနေကြတုန်း ဆူဘင်းကတစ်ယောက်တည်း အိမ်အနောက်ထဲသို့ဝင်လာခဲ့သည်။ ထိုအချိန်မိုးကစရွာလာခဲ့သည်။ - 

- အိပ်ခန်းတစ်ခုကိုဝင်ကြည့်တော့ အိပ်ယာလိပ်မသိမ်းရသေးတဲ့တစ်ခုကိုတွေ့သည်။ တကယ်လူနေတယ်ထင်တယ်။ ဓာတ်မီးနဲ့ အခန်းထဲလျှောက်ကြည့်တော့ နံရံထောင့်တစ်ခုမှာကပ်ထားတဲ့ ဓာတ်ပုံတစ်ခု။- 

"ဒါကဘယ်သူလဲ။ " 

- ကလေးမလေးတစ်ယောက်ရယ်၊ အမျိုးသမီးကြီးတစ်ယောက်ရယ်၊ အရပ်အမောင်းကောင်းတဲ့ဦးလေးကြီးတစ်ယောက်ရယ် မိသားစုဓာတ်ပုံထင်တယ်။ - 

\_The_Criminal_/  [With My Friend Choi-(Season-2)]Where stories live. Discover now